Sunday, May 9, 2010

ဒီအတိုင်းထားခဲ့လို့ရတယ်..

ဒီအတိုင်းထားခဲ့လို့ရတယ်..

ဆက်ထားတဲ့ဆက်ကြောင်းတွေကြား
မှာ
မြန်နှုန်းမြင့်မြင့် ချိတ်ဆက်
မက်ဆေ့ခ်တွေဒေတာဘေ့စ်ပြောင်းကုန်လား
ငါတို့ဟာ ဖောင့်မတူဘူး
အိုအက်စ် စနစ်မတူဘူး..
အပ်ဒိတ်လုပ်ထားတာချင်းမတူဘူ
ဘန်းဝစ်ဘ် ချင်းမတူဘူး..
လူသားချင်းအတူတူ
ဥပမာအလကာင်္တွေထပ်ထပ်ပြ
ကိုယ်နေဟန်ထားတွေအချိုးမကျဘူးမို့လား
ဒီအတိုင်းထားခဲ့လို့ရတယ်
ဒီအတိုင်းကောက်ယူသွားလို့ရတယ်
နေ့အပူချိန်ကွာခြားနေတယ်
ညကထစ်ချုန်းမိုးတွေမရွာသေးဘူး
ခပ်စွေစွေလေပြေတချို့
ပြောရရင်ငယ်ငယ်က အကြောင်းတွေ
ခပ်ဝေးဝေးမှာကျန်ခဲ့…
သတိရမိမှာလားဟင် ကိုယ့်စိတ်ကိုယ်မေးကြည့်တော
မသိရသေးဘူး.. အဲဒီအချက်အလက်တွေကို
အတည်ပြုခြင်းရှိမရှိ..
ထားခဲ့လိုက်မယ်ဆိုရင်လည်းရတာပဲ
ဒါမှမဟုတ် တနေရာရာမှာပေါ့
အတိတ်မှာလား စာကြည့်ခန်းထဲမှာလား
ခုံတန်းလျားလေးပေါ်မှာလား ကန်ရေပြင်မှာလား..
အတူတူသွားခဲ့ဖူးတာ
အတူတူမသွားခဲ့တုန်းကထက်ပိုသိသာတယ်..
ကန်ရေတွေတဖျတ်ဖျတ်
လေးစိမ်းတွေထဲမှာမတ်တပ်ရပ်နေမိတယ်
ရွှေရောင်ဆံနွယ်တွေဘယ်နေရာမှာတွန့်ခွေနေမှာလည်း
မပြောပြဖြစ်တဲ့အကြောင်းတွေကို
ရင်ထဲမှာကောင်းကောင်းမှတ်မိနေတယ်..
ထားခဲ့ပါတော့ ပင်လယ်ရဲ့အဝေးတစ်ဖက်မှာ
နစ်မွန်းခဲ့နာရီတွေအကြောင်းလေ…။

မိုးလှိုင်ည

2 comments:

  1. အင်းးးးးးးးးးးးးးးးးးဒီကဗျာလေးလည်း ကြိုက်တာပဲ...
    လေစိမ်းတွေကြားထဲမှာ မတ်တပ်မရပ်ပဲနဲ့
    လေနီ၊လေဝါတွေကြားထဲမှာ မတ်တပ်ရပ်ရင်ကော ရွှေရောင်ဆံနွယ်လေးတွေ ဘယ်မှာသွားခွေနေမယ်ဆိုတာ
    သိရမယ်ထင်ပါရဲ့.....:P

    ReplyDelete
  2. ဒီအတိုင်းမထားရက်ခဲ့ပါ

    ဆက်ထားတဲ့ဆက်ကြောင်းတွေကြားမှာ
    မြန်နှုန်းမြင့်မြင့် ချိတ်ဆက်
    ဒေတာတွေ ပါဝါပွိုင့် အဖြစ် ပြောင်းကုန်တယ်လေ

    တို့သုံးတဲ့ဖောင့် နဲ့ဆိုက်က တော့ နဲနဲထူးမယ်
    အက်စ်စာဘဲလေ..
    အပ်ဒိတ်လုပ်ထားကတော့ အော်တိုဘဲပေါ့
    ဘန်းဝစ်ဘ် က နှစ်မျိုးသုံးတယ်လေ ဝိုင်ယာလက်တော့ကိုယ်ပိုင်သုံးပေါ့..

    လူသားချင်းအတူတူ
    ဘာကြောင့်ချစ်ခင်သူတွေဝိုင်းနေရတာလဲ
    ဘာကြောင့်ကဗျာပန်းကုံးသီကုံးနိင်ရတာလဲ
    ကိုယ်နေဟန်ထားတွေအချိုးမကျတဲ့သူမို့လား
    ဒီအတိုင်းထားခဲ့တာလား
    သူများကောက်ယူသွားနိုင်တယ်

    နေ့တိုင်းအပူချိန်ကွာခြားနေတယ်
    မနေ့ကမိုးရွာတယ် ဒီနေ့မိုးအုပ်တယ်
    မနက်ဖန်နေပူမယ်

    သတိရမိမှာလားဟင် ကိုယ့်စိတ်ကိုယ်မေးကြည့်တော့
    မေ့ပစ်ရမယ် အဲဒါတော့သေချာတယ်..
    ရင်ထဲက အချက်အလက်တွေကို
    အတည်ပြုခြင်းရှိမရှိ..
    ထားခဲ့လိုက်မယ်ဆိုရင်လည်းရတာပဲ
    ဘတ်စကားပေါ်မှာလား ကန်ရေပြင်မှာလား..
    ရေလွာလျောစီးထဲမှာလား ဘောလုံးပွဲမှာလား
    ဒါမှမဟုတ် တနေရာရာမှာပေါ့
    ပတ်စဝပ်နဲ့မြုတ်ထားတယ်လေ

    အတူတူသွားခဲ့ဖူးတာ
    အတူတူမသွားခဲ့တုန်းကထက်ပိုသိလာတယ်..
    ကန်ရေတွေတဖျတ်ဖျတ် တပွတ်ပွတ်
    ရေပူေ၇နွေးေ၇လွှာလျောစီး ရေလှိုင်းတွေကြား
    လူစိမ်းတွေထဲမှာနေမိတယ်
    ငွေရောင်ဆံနွယ်တွေကြား
    ဆံနွယ်မဲမဲဘယ်နေရာမှာတွန့်ခွေနေမှာလည်း
    မပြောပြဖြစ်တဲ့အကြောင်းတွေကို
    ရင်ထဲမှာကောင်းကောင်းမှတ်မိနေတယ်..
    ထားခဲ့ပါတော့ ပင်လယ် နှစ်ခုရဲ့အဝေးတစ်ဖက်မှာ
    နစ်မွန်းခဲ့ရေစိမ်နာရီတွေအကြောင်းလေ…။

    Hello,
    Dear, your tittle was caught to my heart so I have just done something drops on it!
    I knew it you may be strange (with forgive me)! I will be back not now due to just pretty busy. Thanks.

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...