Saturday, May 1, 2010

ရင်ထဲမှာ ထင်ကျန်ရစ်ဆဲ ဧရာဝတီ

တစ်သက်တာ လေတိုက်နှုန်းစုစုပေါင်းရလဒ်
သဘာဝလွန်မုန်တိုင်း
နီလွင်ချုန်းထစ် အဲဒီညက ငါတို့ မအိပ်ဖြစ်ခဲ့ဖူး
ထာဝရအိပ်ပျော်သွားကြတဲ့
ဧရာဝတီချစ်သူတွေကိုယ်စား
ဧရာဝတီမျက်ရည်တွေကိုယ်စား
ဧရာဝတီသွေးသားတွေကိုယ်စား
ငါတို့စီးဆင်းဖြစ်ခဲ့ကြတယ်
အသက်ကယ်အင်္ကျီမပါပဲ
အသက်ကယ်ခဲ့ကြ
ဘ၀တူလူသားချင်းစာနာမှုဖေးကူ
သူတို့လည်းလူဆိုတာ
ငါတို့လည်း လူဆိုတာ
ကပ်ဘေးတွေ ရှောင်ပြေးလွတ်မလွတ်တဲ့ကမ္ဘာမှာ
တွဲထားတဲ့လက်တွေ မပြေလျော့ဖို့
လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က မုန်းတိုင်းထဲ
ငါတို့ချစ်တဲ့ ဧရာဝတီကိုမမေ့ဖြစ်ခဲ့ဘူး..။

မိုးလှိုင်ည

3 comments:

  1. you are so kindful person.
    Thanks for your rememberance for aye yarwaddy.

    ReplyDelete
  2. ရင်ထဲမှာ ထင်ကျန်ရစ်ဆဲ ဧရာဝတီ နဲ့

    ကဗျာဆရာများဦးညွတ်ပြီး
    ရင်ထဲမှာထင်ကျန်ရစ်ဆဲကဗျာများကိုရွတ်ဆိုပြီး
    ခဏတာနှုတ်ဆက်ခဲ့ပါတယ်၊

    တစ်ယောက်အရိပ်ပေါ် တစ်ယောက်ဖိတ်ကျခဲ့ပြီးမှ
    ငါတို့ တိတ်တိတ် ဆိတ်ဆိတ် ဝေးကွာသွားခဲ့ရပြီ...။
    ငါရင်ထဲကဗုံးကွဲနေတာကို
    ခဏခဏ..ဘာမှလာမရှင်းပြတော့ဘူး
    သူပဲအကြမ်းသူပဲအချော နာမ် အမျိုးမျိုးပြောတဲ့
    ညနက်နက်ထဲ ပိတ်မိပြီး မမှောင်ရအောင်
    အိပ်ဆေးတစ်ထုပ်ဆောင်ကာ
    ကံကော်ပန်းပန်ပြီး ဧရာဝတီမြစ်ကြောတလျှောက်
    ရေစုန်မျောနေတော့မယ် ကဗျာသင့်ခဲ့တဲ့ကျိန်စာကြောင့်
    ပင်လယ်ထဲရောက်သွားလည်း ကိစ္စမရှိဘူး
    အဲဒီမိန်းမတွေပဲ
    ကမ္ဘာကြီးနဲ့အနုပညာကို
    ရင့်ကျက်စေခဲ့တာ…။
    နှစ်စဉ်နှစ်တိုင်း
    ပျော်ရွှင်မှုတွေနဲ့အတူ ငါတို့ ရင်ထဲကို အလည်လာပါ ဧပရယ်လ်

    ReplyDelete
  3. နာဂစ်ကို မကြုံဖူးလိုက်ဘူး
    ဒါပေမဲ့.. ထပ်မဖြစ်ပါနဲ့တော့..
    အဲ့လိုအတွေ့ကြုံမျိုးမရချင်ဘူး....

    အကုန်လုံး နဲ့ ထပ်တူထပ်မျှ ကြေကွဲရပါတယ်...
    ယနေ့.. အဆင်ပြေပြေနဲ့ ရပ်တည်နေနိုင်ကြပါစေ....

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...