Wednesday, April 21, 2010

ဗုံးကွဲပြီးနောက်

ဗုံးတွေမကွဲဖို့
ကာကွယ်ဆေးမရှိသေး
တိတ်ဆိတ်သွားတဲ့အသံမှာ
အရေးပေါ်တုန့်ပြန်ချက်များ
စွပ်စွဲခံလျာထားချက်များ
စီအိုင်အေကလည်း
လက်ညှိုးတွေလျှောက်လျှောက်ထိုးတယ်
အမ်အိုင်၆ကလည်း
လက်ညှိုးတွေလျှောက်လျှောက်ထိုးတယ်
ကေဂျီဘီကလည်း
လက်ညှိုးတွေလျှောက်လျှောက်ထိုးတယ်
မော့ဆက်ကကော
ဟားမာစ့်ကကော
အယ်ခိုင်းဒါးကကော
လက်ညှိုးတွေလျှောက်လျှောက်ထိုးတယ်
မီးတောင်ပေါက်ကွဲတာရော
ငလျင်တွေလှုပ်ခတ်တာရော
မုန်းတိုင်းတွေတိုက်ခတ်တာရော
ဘယ်သူတွေကြိုတင်စီမံနေကြတာလည်း
အတ္တတွေမဖောက်ခွဲခဲ့ရင်
အားလုံးလုံလုံခြုံခြုံအိပ်စက်နေရမှာ
နင်းထားတဲ့မြေကြီးကို
မိုးထားတဲ့ကောင်းကင်ကိုစိတ်မချနိုင်ရတဲ့ကြားက
တိတ်ဆိတ်သွားတဲ့အသံမှာအရေးပေါ်တုံ့ပြန်ချက်
ဗုံးတွေမကွဲဖို့ ကာကွယ်ဆေးထုပ်လုပ်ပေးကြပါ…။


မိုးလှိုင်ည

3 comments:

  1. ဟုတ်တယ်...အားလုံး လုံခြုံအေးချမ်းစွာနဲ့  အပူပင်ကင်းကင်း နေနိုင်ကြရင် သိပ်ကောင်းမယ်..

    ReplyDelete
  2. အတ္တတွေ မဖောက်ကွဲခဲ့ရင် အားလုံးလုံလုံခြုံခြုံ အိပ်စက်ရမှာ .....

    mie nge

    ReplyDelete
  3. ကာကွယ်စရာ ဆေးလဲမရှိသလို
    ကုသစရာ နည်းလည်းမရှိဘူး

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...