Sunday, April 18, 2010

သူပဲအကြမ်း သူပဲ အချော…

ကဗျာ ဆရာမိုးဝေးရေးဖွဲ့ တဲ့ ကဗျာ ပေါင်း (၁၃၂) ပုဒ်ပါဝင်တဲ့ ကဗျာ စာအုပ်ဖြစ်ပါတယ်..
မျက်နှာဖုံး ပန်းချီကို မောင်ဒီရေးဆွဲပါတယ်.. သူပဲ အကြမ်း သူပဲအချော… မြစ်ဝကျွန်းပေါ်ကနေ
အပြားခတ်ခံရတဲ့ ယဉ်ကျေးမှုတွေနဲ့ ၂၁ရာစုဆီကို ကဗျာဓါတ်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ပြီးဖြတ်သန်းလာတဲ့
ဆရာမိုးဝေးရဲ့ စီးဆင်းမှုကို နှလုံးသားနှင့် မြင်တွေ့နိုင်ပါတယ်… ပါဝင်တဲ့ ကဗျာတွေက ၁၉၉၅ကနေ ၂၀၀၉ ခုနှစ်အထိ ရေးဖွဲ့ထားတဲ့ကဗျာများ ဖြစ်ပါတယ်.. ဆရာဇေယျာလင်းနဲ့ ဆရာအောင်ချိမ့်တို့က အမှာစာများ ပါဝင်ပါတယ်.. နှစ်ကာလများစာအုပ်တိုက်က ၂၀၀၉ ခုနှစ် နိုဝင်ဘာမှာ ပထမအကြိမ်ဖြစ် ထုတ်ဝေပါတယ်.. ယနေ့ ခေတ်ပြိုင်ကဗျာဟာ
မိုးဝေးကို အပိုင်ရသလို.. သူပဲအကြမ်း သူပဲအချောက ကျွန်တော်တို့ ကိုယ်တိုင်ကိုလည်း ပြန်ရှာဖွေတွေ့ရှိနိုင်ပါတယ်…


ကျောက်စာတိုင်

မခြောက်သေးပါ
မကိုင်ပါနဲ့ ငါ့စိတ်ကူး
မင်းတို့ ရူးသွားလိမ့်မယ်။

ဒါဟာ
ရွှေထက်ရှားတဲ့ အရာ
မီးနဲ့ပြုပြင်ပြီးရထားတဲ့စကား။

ဒါဟာမင်းကိုငါ
တစ်နေ့လုံး တစ်ညလုံး
ပြောနေတဲ့ တစ်ခွန်းတည်းသောစကား။
ဘယ်လိုလဲ
စာရောက်မလာသေးဘူးလား
ခိုတစ်ကောင်ထပ်လွှတ်လိုက်မယ်လေ။…။

(၂၀၀၀)


အာတီဖစ်ရှဲလ် မိုးဝေး


ဖွာနေတဲ့ စီးကရက်ပုံမှန်အရဆို
ရုတ်တရက်ကင်းလွတ်နေချင်တယ် ရုတ်တရက်
ရောက်လာတာ ယုတ္တိကားတစ်စီး
ငါမပါဘဲ လိုက်သွားလို့ရတယ်လို့ လိုက်ဖူးလား
ရှေ့ မှာလာနေပြန်ပြီ ဟောရှေ့ မှာယုတ္တိယိုယွင်းစကားတစ်စီး
ယုတ္တိကို အမြင်နဲ့တည်ဆောက်ကြတယ်
တည်ဆောက်ထားတဲ့ပလက်ဖောင်းပေါ်မှာ
ယုတ္တိကင်းမဲ့သွားတဲ့ အရိပ်ထင်းထင်းကြီး
အဲ့ဒီစီးကရက်ထဲမှာ အဲ့ဒီစီးကရက်ဖွာနေတာ
ငါလို့ ဘာကြောင့် ပြောလို့ပြောရတာလဲ
ကားမီးရောင်ကြောင့် ပြောလို့ရတယ်
ပြောလို့ရတာတွေကိုဆွဲဆန့်ကြည့်စမ်းကွာ
ပြောလို့ရတာတွေကို ဓါတ်ငွေ့တန်းစီးစောင့်သလို ဆောင့်တွန်းလိုက်ဦးကွာ
ဟေ့… ငါအရင်ရောက်တာ၊ ဟေ့… သူအရင်ရောက်တာ၊
ဟိုမင်း အရင်ရောက်တာဟေ့၊ ဟေ့… ဟိုကောင်အရင်ရောက်တာနော်
အော်ချင်သလိုအော်ကြ၊ ဆိုက်ရောက်ရာ သွားရမယ့် ဘူတာအဖြာဖြာ
ဝေနေတဲ့ ပန်းတွေဟာ လျှပ်စစ်သားနဲ့ လုပ်ထားတယ်
ဘူတာတွေဟာ လျှပ်စစ်အားနဲ့ ပြောင်းရွှေ့ ထားတယ်
ဘူတာရှိရင် ရထားရှိရမယ်လို့ ဘယ်သံလမ်းက လမ်းပေးထားသလဲ
နောက်က ကားကို နောက်ခံကားပြောင်းကြည့်လိုက်ပါခင်ဗျာ
မြစ်ထဲမှာ အမြစ်တွေပွားနေတာ
အနက်တစ်ခုဆီပဲ ရောက်ချင်ရင် လိမ္မော်မရောက်ဘူးဟာ
စကားထာ/ စကားလိမ်လား
စကားတိမ်သားများ နယ်စွန်နယ်ဖျား ဒေသများအထိ ပြေးလွှားနေကြသည်
ရှပ်ပြေးသဘောင်္ပေါ်မှာ ကိုရှပ်ပြေးတစ်ယောက် ရှပ်ပြေးနေသည်
ဟေ့ကောင် … ကြပ်ကြပ်သတိထားပြေး..။…။

မိုးဝေး(၂၀၀၇)

1 comment:

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...