Saturday, April 10, 2010

နွေဦးကပွင့်ထွက်တော့မယ်

နွေဦးကပွင့်ထွက်တော့မယ်

မိုးပြေးလေးတစ်ပြိုက်နှစ်ပြိုက်မှာ
ပိတောက်တွေ
ကတိုက်ကရိုက်ထပွင့်သလိုမျိုး

အမြန်ယာဉ်တစ်စီးရဲ့
ဝန်ခံအားဘီးတွေပွင့်ထွက်သလိုမျိုး

မနက်မိုးလင်းတော့
ဘာလင်တံတိုင်းကြီးပြိုကျသလိုမျိုး
မနက်မိုးလင်းတော့
စီးပွာပျက်ကပ်ဆိုက်ပြီးနေပြီတဲ့

ပါဆယ်ဗုံးထဲမှာ
နွေဦးကိုထည့်ပြီးလက်ဆောင်ပေးသလို
နွေဦးကထထပွင့်တယ်…

ပရမ်းပတာလွင့်စင်ထွက်လာတဲ့
နွေဦးအစအနတွေက
ငါတို့ရင်ဘတ်ကို လာလာမှန်တယ်

တချို့ကနွေဦးကို
ဝါယာကြိုးတွေနဲ့ပူးချည်တယ်

တချို့က့ နွေဦးကို
ဖန်ကြိုးမျှင်ထဲထည့်ပြီး
ဒေတာဘေ့စ်တွေပြောင်းလဲပစ်တယ်

တချို့ကနွေဦးကို
ကွန်ဆာဗေးတစ်သမားဆိုပြီးကန့်ကွက်နေတယ်

တချို့ကနွေဦးကို
ပိုစ့်မော်ဒန်သမားဆိုပြီးရှုံ့ချနေတယ်

တစ်ခါတစ်လေတော့ နွေဦးလည်း
ရပ်တ်ပါလိုဝတ်ချင်ဝတ်မှာပေါ့…

တစ်ခါတစ်လေတော့ နွေဦးက
ပန့်ရောစ့်ဆိုချင်ဆိုမှာပေါ့…

အခုနွေဦးက
ငါတို့ဆီကိုပွင့်ထွက်လာပြီ…

နွေဦးက ကတိုက်ကရိုက်နဲ့
ခေါင်းလည်းမဖြီးခဲ့ရသေးဘူး
သူက အကြမ်းဖက်သမားတွေကိုလည်း
ကျောခိုင်းထားခဲ့ရတယ်တဲ့…
မုန်တိုင်းနဲ့ ငလျင်တွေကိုလည်း
ဖျောင်းဖျထားခဲ့ရတယ်…
အလုပ်လက်မဲ့ ပြဿနာကိုလည်း
သေချာမကိုင်တွယ်ရသေးဘူး….

သူအခု
ကော်ဖီသောက်နေတယ်
စီးကရက်ဖွာနေတယ်
ကဗျာရွတ်သံကိုနားစိုက်ထောင်နေတယ်
သူအခု ပွင့်ထွက်တော့မယ်…
နွေဦးဆိုတာက ခင်ဗျားကိုယ်တိုင်ပဲလေ… ။

မိုးလှိုင်ည

9 comments:

  1. ခုလောလောဆယ် ကော်ဖီသောက်နေတာတော့ ဟုတ်တယ် .း)

    ReplyDelete
  2. ဒီနွေဦး ...
    လေးစားအားပေးလျက်ပါ အစ်ကို။
    လေးစားလျက်။
    ချစ်ခြင်းအားဖြင့်-နေ့ သစ်

    ReplyDelete
  3. နွေဦးကပွင့်ထွက်တော့မယ်

    လေပြင်းလေးတဖြတ်ဖြတ်
    ငုပန်းတွေ
    ကတိုက်ကရိုက်မြေပေါ်ခ သလိုမျိုး

    အနှေးယာဉ်တစီးရဲ့
    လူပိအားဘီးတွေပွင့်ထွက်သလိုမျိုး

    မနက်မိုးလင်းတော့
    ဈေးချိုတဲ့မုန်ဟင်းခါးဆိုင်မှာလူတွေစည်နေပြီတဲ့

    DHL နဲ့ရောက်လာတဲ့ ပါဆယ်နွေဦးက
    အမှတ်မထင်ထထပွင့်တယ်

    စနစ်တကျနဲ့ထွက်ပေါက်တခုထဲက
    နွေဦးအစအနတွေက နေရာအနှံလာကြည်စယ်နေတယ်

    တချို့ကနွေဦးကို ရှောင်ဖို့
    အဲလ်ကွန်းထဲနေတယ်
    တချို့ကပန်ကာနဲ့နေတယ်
    တချို့ကမန်ကျည်းပင်အောက်နေတယ်

    တချို့ကနွေဦးကိုအန်တုဖို့အတွက်
    သီချင်းတွေဟစ်ဆိုကြတယ်

    တချို့ကနွေဦးကို လောပိတရေနည်းသွားတယ်ဆိုပြီး
    ရှုတ်ချကြတယ်

    နွေဦးက စက်မှု့ဇုန်ကအလုပ်သမားဘောစ်နပ်ကိစ္စ
    ဖြေရှင်းနိုင်ခဲ့တယ်

    အမြဲတမ်းတရားစခန်းမှာတဲ့နွေဦး
    ရှောပန်ဝတ်ပြီး ဒီသင်္ကြန်မှာ
    အိုင်ဟတ်အေဒရင်းလို့ဆိုချင်ဆိုမှာပေါ့

    နွေဦးက ကတိုက်ကရိုက်နဲ့
    နက်တိုင်ကို အပြင်ထုတ်ရမလား အထဲသွင်းရမလား
    တွေဝေနေဆဲ မုန်တိုင်းနဲ့ ငလျင်တွေကိုဖျောင့်ဖြထားရတယ်

    သူအခု
    ဖရက်ရှ်ခ်ျစ်နဲ့နေကြာပေါင်မုန့်စားပြီ
    နွားနို့ထဲ ကော်ဖီမှုန့်ထည့်သောက်ရင်း
    လေလှိုင်းထဲက ကိုမိုးလှိုင်ညကဗျာရွတ်သံကို
    နောက်ကသံရောင်လိုက်နေတယ်

    သူအခုချမှတ်ထားတဲ့သူ့လမ်းကြောင်းထဲ
    ချစ်တဲ့သူများနဲ့လျှောက်နေတယ်
    တကယ်တော့နွေဦးဆိုတာ U & Me ဘဲလေ

    Actually, I want to happy to you with simply.
    Kind regards,
    Reader

    ReplyDelete
  4. သမိုင်းထဲက ဒီနွေဦးက လွန်ခဲ့တဲ့ ၆၅နှစ်တုန်းက တခါ ပွင့်ထွက် ခဲ့ဖူးတယ်.. ခုတော့ နွေဦးဟာ နွေလေကို အကျဉ်းချထားပြီး သူ့ကိုယ်သူ လှောင်ပိတ် နေလေ ရဲ့.. ဒီနွေကရော ဘယ်တော့ ပွင့်ထွက်မလဲ...

    ReplyDelete
  5. ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနွေဦးက မွေးထုတ်လိုက်တဲ့ နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်ဝပါစေရှင်...

    ReplyDelete
  6. ပွင့်ထွက်မဲ့ နွေဦး အစတွေ မှန်ချင်လို့ လာစောင့်နေပါတယ်..

    ReplyDelete
  7. ကိုမိုးလှိုင်ရေ
    နှစ်သစ်မှာ
    စိတ်ကူးသစ် အတွေးသစ် ကဗျာသစ်တွေ များစွာ များစွာ ဖန်တီးနိုင်ပါစေ...။

    ReplyDelete
  8. ကိုမိုးလှိုင်ည

    ကုန်ကြမ်းတွေတော်တော်ရလိုက်မှာပေါ့ ဒီသင်္ကြန်မှာလေ

    မင်္ဂလာနေ့ရက်မှာနှုတ်ခွန်းဆက်လိုက်ပါတယ်
    ပျော်ရွင်ပါစေ။

    ReplyDelete
  9. နွေဦးကတော့ ပွင့်မပွင့် မသိဘူး

    ပိတောက်ကတော့ မပွင့်သေးဘူးဟာ
    ဒီမိုးပြေးလေးက တပြိုက်လေးတောင် မပြိုက်ချင်ဘူးလေ..


    တနေ့ တနေ့ ပိတောက်ပင်ကို မော့ကြည့်ရလွန်းလို့
    နွေဦးမပွင့်ခင် ငါ အုန်းလွဲတော့မယ်

    :P

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...