Wednesday, March 24, 2010

ငါတို့အားလုံးဟာ ချေ

ချေ ဦးထုပ်ကိုဆောင်းတယ်
ချေဂွေဗားယားတီရှပ်နဲ့
ချေ လိုစီးကရက်ကိုခဲလို့
ချေ လိုပဲ ကဗျာရွတ်တယ်…
ငါတို့လက်ထဲမှာက keyboard

ဒါဟာတော်လှန်ရေးလုပ်နေတာ…

ဆောင်းရာသီနန်းတော်ကိုသိမ်းပိုက်ဖို့
ရေတပ်သဘောင်္ပေါ်က အမြောက်သံ
ငါ့နားထဲ ခုထိတဆတ်ဆတ်ညံတုန်းပဲ

လွတ်လပ်ရေးကြေငြာစာတမ်းကို
ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်တဲ့အထိ
မြောက်အမေရိကတိုက်မှာ
စစ္သေဘာၤတစ္စီးမွမရွိဘူး….

အဲဒီလိုနဲ့ ကမ္ဘာမှာတော်လှန်ရေးတွေရှိခဲ့တယ်…

`လူဆိုတာတော်လှန်ရေးလုပ်ရတယ်…
ဖိနှိပ်သူတွေကိုတွန်းလှန်တာဟာ တရားမျှတမှုပဲ…´
ဘာတစ္စတာရဲ့ အကျဉ်းထောင်ထဲမှာ
ဖီဒယ်ရဲ့ ရဲရဲတောက်စကား…။

`အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်´
ရွှေတိဂုံခြေတော်ရင်းမှာ
သခင်အောင်ဆန်းရဲ့ ဂန္တ၀င်စကား
ငါတို့ကြားနာနေဆဲ

ဟနွိုင်းမှာပဲဖြစ်ဖြစ်
ပါရီမှာပဲဖြစ်ဖြစ်
တော်လှန်ရေးသမားဟာ
ဖိနှိပ်မှုတွေကိုတွန်းလှန်နေရမယ်လို့
ဟိုချီမင်းတွေးခဲ့သလို

အခုငါတို့
ငရဲပြည်အထိ အမြန်လမ်းမ
ဖောက်လုပ်ပြီးစီးသွားပြီ
နပိုလီယန်ကို
အဆင်းဘီးတပ်ပေးဖို့ပဲကျန်တော့တာ…။

မိုးလှိုင်ည

မနှစ်က မတ်လမှာ ရေးတဲ့ကဗျာလေးပါ အခုလည်း ပြန်ကြိုက်လို့ ပြန်တင်လိုက်တာပါ..။

4 comments:

  1. ကဗျာလာဖတ်သွားပါတယ်။

    ReplyDelete
  2. အေးဗျာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျနော် ကြိုက်တဲ့ အစ်ကို့ကဗျာဟာ အစ်ကို ဒုတိယအကြိမ် ပြန်တင်တဲ့ကဗျာ ဖြစ်နေတယ်။ ငါတို့ အားလုံးဟာ..ချေ . ။

    ReplyDelete
  3. ကြိုက်တယ် အကို ။
    ကျနော့် အတွက်တော့ တော်လှန်ရေးနေ့ဆိုတာ
    ၂၇ ရက်နေ့ မဟုတ်ပါဘူး။ မတ် ၂၈ ဆိုပါတော့။
    ကျနော် လည်း တစ်ပုဒ်ရေးထားသေးတယ်အကိုရေ ...။
    ကျနော်တို့ အားလုံးဟာ “ ချေ ” ။

    မားဆိုး

    ReplyDelete
  4. ငါတို့လက်ထဲမှာက keyboard
    ဒါဟာတော်လှန်ရေးလုပ်နေတာ…

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...