Wednesday, March 3, 2010

နောက်ဆုံးအခွင့်

အမေ့ရဲ့ မျက်ရည်တွေအောက်မှာ
ကျွန်တော်ကြောက်တဲ့ လောကဓံရှိတယ်....
ဆန္ဒတွေ ရင်ကြားစေ့ဖို့ ကျွန်တော် ခရီးတွေထွက်ရလိမ့်မယ်
လောဘတွေ မဆုံးနိုင်သေးတော့
၃၁-ဘုံမှာ လူးလာခေါက်ပြန်
အိပ်မက်တွေက ရိုမန်တစ်ဆန်တယ်....။
ကျွန်တော်သိတဲ့ အကြောင်းအရာများစွာထဲက
အမေ့အပေါ် ကျွန်တော်မကောင်းတဲ့အကြောင်း
ကျွန်တော့်ကိုယ် ကျွန်တော် ကောင်းကောင်းသိတယ်....
အမေ့ရဲ့ နို့ရည်စွမ်းအားနဲ့
ကမ္ဘာမြေကြီးကို ထမ်းပိုးထားတဲ့ တစ်နေ့မှာပဲ
ကြွေးဟောင်းတွေ အလီလီထပ်နေတဲ့
သားမိုက်တစ်ယောက်ရဲ့ အပြန်လမ်းဟာ
မောပန်းနေတဲ့ အမေ့အတွက်
သီတာရေကြည် မဖြစ်ထိုက်တော့
အခုသား အမေ့ရှေ့မှာ လက်ပိုက်နေပြီ
သားကို ရိုက်ပါအမေ....။

မိုးလှိုင်ည

10 comments:

  1. အမေ့ရှေ့လက်ပိုက်ပြီး အမေရိုက်တာခံရအောင် ခဏဖြစ်ဖြစ် ပြန်ချင်တယ်..

    ReplyDelete
  2. *အမေ့ပြန်စာ*
    ..........
    *ခေတ်သစ်ရာစု
    အသိ အဖတ် အရေး
    အမေ့ထက်သာ
    ……………………….
    *ကောင်းတယ်ထင်လို့
    လူးလားခေါက်ပြန်
    အိမ်မက်တွေကြား
    ဘဝသုခယူလိုက်ပါအုန်း
    …………………………..
    *ကြွေးဟောင်းကြွေးသစ်
    ဘေးဖယ်ထားလိုက်
    အချိန်တန်
    နိုးထပြန်လာ
    ပွေ.ပိုက်ကြိုမယ်
    ……………………………
    *မောပန်းနေတဲ့သားနဲ့မိ
    သီတာရေနဲ့ဆေးကြောကြမယ်
    အမေမရိုက်ရက်ပါ သားငယ်
    ………………………………………………….

    ReplyDelete
  3. ဘာပြောရမှန်းကို မသိဘူး။ ဆင်ခြေတွေလည်း ကုန်လု နီးပါပြီ။

    အမေ့ကို သနားတယ်။

    ReplyDelete
  4. ဒီကဗျာလေးကို ကြိုက်တယ် ... လက်ပိုက်အရိုက်ခံတာထက် အမေ့အပေါ်ကောင်းတဲ့အကြောင်းတွေ သိနိုင်ရင် ပိုကောင်းမလား မသိဘူးနော် ...

    ReplyDelete
  5. အမေကို သတိရသွားတယ်ညီရေ။

    ReplyDelete
  6. အမေ့အပေါ် ကျွန်တော်မကောင်းတဲ့အကြောင်း
    ကျွန်တော့်ကိုယ် ကျွန်တော် ကောင်းကောင်းသိတယ်....

    အဲဒီစာသားလေးက ကိုယ့်ကိုယ်ကိုယ် စောင်းပြောသလိုပဲ..။

    ReplyDelete
  7. Lay moe..,
    I had this poem too long already .! Every time I read this poem , I feel sorry.! But many times I read it again and again .. Today also again lay moe ! :’(

    ReplyDelete
  8. အမ အမေက မရိုက်တတ်တော့ :)
    အမေ့ကို ပို သတိရသွားတယ်၊ လာလည်ပါတယ်၊
    မြို့ပျက်ကြီးထဲ့ ညကြီးမင်းကြီး လျှောက်သွားလိုက်တယ်၊ မြို့ပျက်ကြီးထဲမှာ တန်ဘိုးကြီးတာတွေ အများကြီးပဲ :) လေးစားလျှက်

    ReplyDelete
  9. အမေ့အရိုက်ခံချင်တယ်....

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...