Sunday, February 21, 2010

မဆုံခင် ဝေး…

ကောင်မလေး ...မင်းကို ငါ တကယ်ချစ်ခဲ့ပါတယ်..

ဒါပေမဲ့ ကွာ မင်း Daddy က

ငါ့ ကို ကြည့် မရ ဘူး ဘာကြောင့် လဲ

ငါ စဉ်းစား ကြည့် တယ်

အေးလေ ...သူက တော် တာ ကိုး

သူ့ ရဲ့ဝန်ထမ်းလစာလေး နဲ့

မင်းတို့ ကို သိန်းထောင်ကျော်တန်အိမ်နဲ့

Honda Ascot Car နဲ့ GSM ဖုန်း နဲ့

အပြည့်အစုံ ထားနိုင် တာ ကို

ငါ က တော့ အသက် ၂၆ နှစ်ရှိပြီ

Guitarလေးဟိုမရောက်ဒီမရောက် တီးပြီး

ခု ထိ အမေ ကျွေး တာ ထိုင်စား နေရသေးတယ်လေ…

မင်း Daddy ကပြောတယ် ..ငါ့ကို

အသောက်အစား ကလဲ မကင်းဘူးတဲ့

အရမ်းဆိုးတယ် အပေအတေ တဲ့

ကြုံသလိုမူး တယ် တဲ့

အေးလေ ..သူကလူကြီးလူကောင်းလိုသောက်တာကို

သူရဲ့ ၀န်ထမ်းလစာလေးနဲ့ …

Gold label သောက်နေ တဲ့ အချိန်မှာ

ငါက Grand royal လောက် ပဲ သောက် နိုင် တာကို

သူရဲ့ ၀န်ထမ်းလစာလေးနဲ့ …

555 Gold စီးကရက် ဖွာနေတဲ့ အချိန် မှာ

ငါက ခြင်္သေသုံးကောင်ဆေးပေါ့လိပ် သောက်နေရတာလေ….

မင်း Daddy က ငါ နဲ့မင်းကို သဘောမတူဘူး…

ကောင်မလေး ...မင်းကို ငါ တကယ်ချစ်ခဲ့ပါတယ်..

ဒါပေမဲ့ မင်း ရဲ့ Daddy ကို ပြော လိုက် ကောင်မလေး..

ငါ က အလုပ်အကိုင် အတည်တကျ မရှိ သေးဘူး

ဒါပေမဲ့ သူ့လို ၀န်ထမ်းလစာလေး နဲ့ ..

Honda Ascot မစီး ဘူး ငါ မိုးရွာရွာ နေပူပူ..

လမ်းပဲလျှောက် မယ်…

ဒီ အရွယ် အထိ အမေ့အိမ် မှာ စားနေပေမယ့်

ငါ လိပ်ပြာသန့် တယ် စိတ်သန့် တယ် …

ဆေးပေါ့လိပ် တစ်ထုတ် မြန်မာကျပ်ငွေ ၂၀၀ နဲ့

ငါ လိပ်ပြာသန့် သန့် စိတ် သန့်သန့် နဲ့

ဝယ်သောက် ရဲ တယ် ….

ကောင်မလေး မင်းကိုငါချစ်ပါတယ်…

ငါကတော့ ကိုယ်တိုင်းပြည်ကိုယ်လူမျိုးကို

လက်ညှိုးထိုးရောင်းမစားတတ်ဘူး..

နိုင်ငံတော်နဲ့ နိုင်ငံသားတွေပိုင်တဲ့ သယံဇာတတွေကို

ကိုယ်တစ်မိသားစုအနေချောင်ဖို့

တိုင်းတစ်ပါးသားတွေဆီမှာ ပေါင်နှံရောင်းချဖို့မကြိုးစားဘူး…

ကောင်မလေး ငါ့အနာဂါတ်ဟာဝေေ၀၀ါးဝါး

မင်း Daddy မျှော်လင့်သလို

နည်းနည်းလေးမှဖြစ်လာမဟုတ်ဘူး…

ဆင်းရဲပေမယ့် မာနနဲ့သိက္ခာတရား..

ငါ့စိတ်ဟာကြွယ်ဝချမ်းသာလွန်းပါတယ်..

ငါ့ဘ၀ထဲကို ခုန်ချလာဖို့ အတင်းအကျပ်မတိုက်တွန်းလိုပါဘူး

ကောင်မလေးရေ..

မင်း Daddy မေးရင်ပြောလိုက်ပါ

ငါတို့ မဆုံခင်ကတည်းက ဝေးခဲ့ပြီးကြပြီလို့…

ဒီခေတ်ထဲမှာ ငါတို့ မတော်တဆ ချစ်မိတာတစ်ခုပဲ

ငါဘက်မှာ အပြစ်ရှိခဲ့တာပါ ကောင်မလေးရယ်….။

ကိုသူ

5 comments:

  1. အပြစ်ရှိတယ်တဲ့ ...ချစ်ခဲ့တာအပြစ်မဟုတ်ပါဘူး
    အင်း ဆက်ချစ်နေဖို့ဘဲလိုတာပါ။

    ကြောက်တယ်တဲ့...အဆောင်အယောင်တွေလား
    အင်း အဆောင်အယောင်တွေကတော့လိုတယ်လေ။

    ရဲဝံတယ်တဲ့....အမိမြန်မာပြည်သား
    အင်း ဒါလဲအရေးကြီးတာဘဲလေ။

    ငါလည်းတွေဝေနေသူပါ ဘာကိုရွေးချယ်ထိုက်လည်း
    အင်း နှစ်မျိုးစလုံးလိုချင်တာဘဲလေ။

    ဟီးဟီး သူများလိုကဗျာစပ်ကြည့်တာလေ)..D

    ReplyDelete
  2. ဒီကဗျာကို မျိုးသန့် မဖတ်မိစေနဲ့

    ခေတ်ပြိုင်ကဗျာများအကြောင်းရေးတဲ့ မျိုးသန့်လေ။

    ReplyDelete
  3. ဖုန်းဆက်လိုက်ရမလား။ :D

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...