Friday, January 1, 2010

ချစ်ခြင်းဖွဲ့ (၂)

တောင်းပန်စရာရှိရင်
ငါ့အမှားတွေက အရင်စပါရစေ…
နားလည်ပေးဖို့လိုအပ်ရင်
ငါ့ချစ်ခြင်းမေတ္တာကို ဦးစွာခွင့်ပေးပါ…
လွဲချှော်စရာရှိရင်လည်း
ငါ့ရဲ့ ထုံအမှုကို ရယ်မောပစ်လိုက်ပါ…
နာကျည်းစရာကြုံရင်လည်း
ငါ့မိုက်မဲမှုတွေကို အပြစ်တင်ကျေနပ်ပေးပါ…
အသက်ခြင်း အလဲအထပ်
နာကျင်စရာဘ၀နဲ့ကြုံရင်လည်း ငါ့ကံကြမ္မာကိုအလှည့်ပေးပါ…
ချစ်သူ
မင်းအတွက်က သရဖူ
မင်းအတွက်က ကြယ်စုံည
မင်းအတွက်က နွေဦးပန်းပွင့်များ
ချစ်ခြင်းမေတ္တာနဲ့ ငါပေးထားခဲ့ပါရစေ…
တစ်ဘ၀ပြီး တစ်ဘဝ
တစ်ကမ္ဘာပြီး တစ်ကမ္ဘာ
လွမ်းလို့သေသွားတဲ့ ၀ိဥာဉ်ဖြူတစ်စလို
မင်းရဲ့အနားမှာ ပျံဝဲနေပါရစေ..
ငါ့ချစ်ခြင်းတွေ မသေဆုံးသရွေ့
ငါဘယ်တော့မှ မကျွတ်မလွတ်ပါရစေနဲ့
အဲဒီလို ဆုတောင်းမှားခံရဲတယ်..
ခွင့်လွှတ်ပါ ညီမလေးရယ်
တစ်ဘ၀လုံးမှောင်ခဲ့ ဖူးတဲ့အမှောင်
မင်းကိုချစ်တဲ့ ချစ်ခြင်းကြောင့်
လင်းလက်တောက်ပြောင်ခဲ့ရလို့…
ငါ့ကိုယ်ငါပြန်ပေးဆွဲပြီး မင်းဆီကို ဆက်သခွင့်ပြုပါ…


မိုးလှိုင်ည

5 comments:

  1. ကဗျာကောင်းလေးတစ်ပုဒ်ပါဗျာ

    ReplyDelete
  2. တစ်ဘ၀လုံးမှောင်ခဲ့ ဖူးတဲ့အမှောင်
    မင်းကိုချစ်တဲ့ ချစ်ခြင်းကြောင့်
    လင်းလက်တောက်ပြောင်ခဲ့ရလို့…
    ..
    တစ်ဘ၀လုံးမှောင်ခဲ့ ဖူးတဲ့အမှောင်
    မင်းကိုချစ်တဲ့ ချစ်ခြင်းကြောင့်
    လင်းလက်တောက်ပြောင်ခဲ့ရလို့…
    ..
    တစ်ဘ၀လုံးမှောင်ခဲ့ ဖူးတဲ့အမှောင်
    မင်းကိုချစ်တဲ့ ချစ်ခြင်းကြောင့်
    လင်းလက်တောက်ပြောင်ခဲ့ရလို့…
    ..
    ကြိုက်လိုက်တာ

    ReplyDelete
  3. အကို,Template လေးက လှတယ်။ Blog ကို ပြန်ဖတ်ခွင့်ရလို့ ၀မ်းသာပါတယ်.. :) ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ....

    ReplyDelete
  4. တော်တော်ကို အရေးအသားညက်တယ်ဗျာ......ဆက်လက်အားပေးနေဦးမယ်ဗျာ.....

    ReplyDelete
  5. တော်တော်ကို အရေးအသားညက်တယ်ဗျာ......

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...