Monday, December 7, 2009

အဝေးရောက် မြို့သားများ

“ ငါတို့မြို့ကို ကျောခိုင်းသွားခဲ့တယ်ဆိုတာ

ငါတို့မြို့ချစ်စိတ်ကို ကျောခိုင်းသွားခဲ့တာ မဟုတ်ဘူး”


ငါတို့ မြို့ကို ငါတို့ချစ်တယ်…

အဲဒီ

ဇာတိမြေကို ငတ်မွတ်တဲ့ စိတ်နဲ့

Google Earth ထဲမှာ အကြိမ်ကြိမ် Click နှိပ်ကြည့်ဖူးတယ်…


ငါတို့ မြို့ထဲက ငါတိုရဲ့ သမိုင်း

ငါတို့ မြို့ထဲက ငါတိုရဲ့ ခေတ်

ငါတို့ မြို့ထဲက ငါတိုရဲ့ ကဗျာရွတ်သံ

ဘ၀ရဲ့ ဘယ်လို နံရံတွေမှာ ချိတ်ဆွဲဖြစ်ခဲ့လည်း…


ငါတို့ မြို့ထဲမှာ ငါတို့ လမ်းတွေလျှောက်ခဲ့တယ်

ငါတို့ မြို့ထဲမှာ ငါတို့ သပိတ်တွေမှောက်ခဲ့တယ်

ငါတို့ မြို့ထဲမှာ …

ဖဲသုံးချပ် ၀င်ဆွဲသူက ဆွဲ

မျက်လှည့်ပွဲ ၀င်ငေးသူကငေး

အသည်းကွဲသူက ကွဲ

အရက်သောက်သူက သောက်

ဒါပေမယ့်

ငါတို့မြို့ကိုငါတို့ ချစ်တယ်ဆိုတာက အမှန်ပဲ…


ငါတို့ မြို့ထဲမှာ ငါတို့ သွေးနဲ့ရေးတဲ့သမိုင်းရှိတယ်

ငါတို့ မြို့ထဲမှာ ငါတို့ အသက်နဲ့ဖောက်တဲ့လမ်းရှိတယ်


ငါတို့ မြို့ထဲမှာ ငါတို့က ဆိုးသွမ်းလူငယ်

ငါတို့ မြို့ထဲမှာ ငါတို့က လမ်းသရဲ

ငါတို့ မြို့ထဲမှာ ငါတို့က လူဆိုးဂိုဏ်း

ပြီးတော့ ငါတို့ကပဲ အနုပညာသမား…


ငါတို့ ရိုင်းခဲ့တယ်ဆိုတာ အနုပညာဆန်ရုံသက်သက်

ရွှေတိဂုံ ခြေတော်ရင်းရောက်ရင် ငါတို့ အကုန်ယဉ်ကျေးခဲ့တာပဲ…။


“ ငါတို့ မြို့ကို ကျောခိုင်းသွားခဲ့တယ် ဆိုတာ

ငါတို့ မြို့ချစ်စိတ်ကို ကျောခိုင်းသွားခဲ့တာ မဟုတ်ဘူး”


ငါတို့ မြို့ကို ငါတို့ နှလုံးသားနဲ့ထူဖို့

ငါတို့ မြို့ကို ငါတို့ လက်ရပြန်သိမ်းပိုက်ဖို့

ငါတို့ မြို့ကို ငါတို့ ရှင်လျှက်နဲ့ ကယ်တင်နိုင်ဖို့

ငါတို့ ပြန်လာမယ်

ငါတို့ ဆက်ဆက်ပြန်လာမယ်…

ငါတို့ ရဲ့ မြို့ချစ်စိတ်ကိုတော့

ငါတို့ ဘယ်တော့မှ ကျောခိုင်းပစ်မှာ မဟုတ်ဘူး….။



မိုးလှိုင်ည

12 comments:

  1. အားမာန်ပါတဲ့ ကဗျာလေးပါပဲအစ်ကို။ဒီကဗျာလေးဖတ်ပြီး ပွတ်ရှ်ကင်ရဲ့ ဂျစ်ပစီများဆိုတဲ့ ကဗျာလေးကို သတိရမိတယ်...

    ReplyDelete
  2. ဟုတ်တယ်...ဘယ်တုန်းကမှကျောမခိုင်းခဲ့ဘူး...

    ReplyDelete
  3. နားလည်ခံစားမိပါတယ်..။

    ReplyDelete
  4. ဘာတွေဖြစ်နေနေ ကျနော်တို့မြို့လေးက ကဗျာဆန်ဆဲပါအကို

    ReplyDelete
  5. ငါတို့ မြို့ထဲမှာ ငါတို့ သွေးနဲ့ရေးတဲ့သမိုင်းရှိတယ် ငါတို့ မြို့ထဲမှာ ငါတို့ အသက်နဲ့ဖောက်တဲ့လမ်းရှိတယ်

    အဲဒီအပိုဒ်ကို ကြိုက်တယ်ဗျာ။

    ReplyDelete
  6. အရမ်းကောင်းတယ်ဗျာ။

    ReplyDelete
  7. သိပ်ကောင်းတဲ့ ကဗျာလေးပါ၊ အားရပါးရ ချီးကျူးပါတယ်။

    ReplyDelete
  8. ထပ်တူ ခံစားသွားခဲ့တယ် ညီလေးရေ...
    ကောင်းလိုက်တဲ့ ကဗျာ

    ReplyDelete
  9. အမြန်ဆုံး ပြန်နိုင် အောင် ကြိုးစားနေပါတယ်...
    အသက်နဲ့ ဖောက်ထားတဲ့ လမ်းလေးတွေကို အမှတ်ယနေလို့လေ..
    အားငိုင်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...