Saturday, November 7, 2009
ဒီမနက် နာရေးသတင်း
ယောက်ဖ
မင်းဆုံးပြီဆိုတဲ့ တယ်လီဖုန်းက
ငါ့ကို တုန်လှုပ်သွားတယ်…
ငါအိမ်ကိုခပ်မြန်မြန်ပြန်မရောက်နိုင်ဘူး…
အိမ်ပြန်ရောက်တော့ မင်းချစ်တဲ့မိစွာတေးက
မျက်ရည်လည်ရွှဲနဲ့
မင်းသမီးလေး မေဂျင်က တောက်တီးတောက်တဲ့
လျှောက်သွားနေတယ်..
ငါ့မိဘတွေလည်း မျက်နှာမကောင်းဘူး
မင်းမိဘတွေလည်း ကြေကွဲနေမှာ…
မင်းဘာလို့ ခပ်လွယ်လွယ်သေပစ်တာလည်းကွာ
ငါတို့က မင်းသမီးလေးမွေးနေ့အတွက်မင်းပြန်လာမယ်
အောက်မေ့နေတာ…
တစ်ခါတစ်ခါ မင်းငါ့ကိုပြောတတ်တယ်
ဘုရားကျောင်းသွားပြီး ငယ်ငယ်ကလိုဂစ်တာတီးချင်တယ်လို့
ပြီတော့ မင်းငါ့ဆီအင်တာနက် လာသင်ဦးမယ်ဆို
မင်း ငါ့အင်တာနက်ဆိုင်ကနေ မင်းညီမ ဆီဖုန်းမဆက်တော့ဘူးလား
ဒါပေမယ့် မင်းဘ၀ထဲမှာ ပြာယာခတ်နေတာပဲကွာ
သားကျွေးမှု မယားကျွေးမှု မိဘကျေးဇူးတွေကြားမှာ
မင်း အလုပ်ဇောတွေနဲ့…
ဘုရားကျောင်းမှာ မင်းဂစ်တာ သွားပြန်မတီးဖြစ်ဘူး
မင်းငါ့ဆီမှာ အင်တာနက် လာမသင်ဖြစ်ဘူး…
နောက်ပြီး မင်းသမီးလေးမွေးနေ့ကိုလည်း မင်းမရောက်နိုင်ခဲ့ဘူး
မင်းချစ်တဲ့လူတွေကိုထားပြီး
အခုနိုဝင်ဘာမှာ ဘုရားသခင်ဆီ
ကောက်ကာငင်ကာထွက်ခွာသွားပြီလား…
ကိုစောဘရိုက်တာ
အသက် (၄၂)…
ကောင်းကင်ဘုံမှာမင်းဝိဥာဉ်ငြိမ်းချမ်းအေးမြပါစေ…အာမင်…။
အပ္ပမ္မာဒေန သမ္မာဒေထ
ယောက်ဖရေ အမျှ အမျှ အမျှ
ရောက်ရာဘုံဘ၀က သာဓုခေါ်ပါကွာ…။
မိုးလှိုင်ည
8 comments:
  1. စိတ်မကောင်းပါဘူး...
    သွားတဲ့သူတွေက သွားနှင့်ကြပေမယ့်
    ကျန်ရစ်သူတွေမှာ ဖြည်မဆည်နိုင်ကြဘူး...
    ကလေးတွေနဲ့ မိသားစု ဘဝခရီးကို အဆင်ပြေစွာ ဆက်လက် လျှောက်လှမ်းနိုင်ကြပါစေ...
    ReplyDelete
  2. ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။
    ဗျာဒိတ်ကျမ်း ၂၁း ၎
    ဘုရားအိမ်တော်ရာကို ဦးစွာသွားနှင့်သူ ရဲ့ ကျန်ရစ်သူ မိသားစု အားလုံးအပေါ် ဘုရားသခင်၏ ငြိမ်သက်ခြင်းနှင့် ကောင်းကြီးမင်္ဂလာ ကျရောက်ပါစေ။
    ReplyDelete
  3. ခရိယာန်စာတွေရော ဗုဒ္ဓဘာသာစာတွေရော စုံလို့ပ
    ဒါပေမယ့် ကဗျာလေးရဲ့ ဖြစ်အင်က သနားစရာ
    ReplyDelete
  4. မိုးလှိုင်
    ယောက်ဖအတွက် စိတ်မကောင်းပါဘူး
    ကျန်ရစ်သူမိသားစုတွေ အဆင်ပြေပြေ
    ဘ၀ခရီးကို ဆက်လျှောက်နိုင်ပါစေလို့
    ReplyDelete
  5. မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း...
    ReplyDelete
  6. ကျွန်တော်လည်း ၀မ်းနည်းရပါတယ်
    ကျွန်တော်နဲ့ ခင်ခဲ့သည်ဖြစ်စေ . .
    မခင်ခဲ့သည်ဖြစ်စေ . .
    ကျွန်တော်တို့လို ကမ္ဘာလောကကြီးပေါ် အတူနေထိုင်ခဲ့တဲ့ လူသားတစ်ယောက် ထွက်ခွာသွားတယ် ဆိုတဲ့အသိနဲ့တင်
း(
    ReplyDelete
  7. ကိုမိုးလှိုင် စိတ်မကောင်းပါဘူးဗျာ...
    ထပ်တူ ဝမ်းနည်းရပါတယ်...
    ကျန်ရစ်သူ မိသားစု အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ ကျန်းမာပါစေလို့..
    ReplyDelete
  8. အင်းးးးး စိတ်မကောင်းပါဘူး။
    ကျန်ရစ်သူမိသားစု ဘုရားသခင် စောင့်ရှောက်ကာကွယ်လို့ ကောင်းကြီးပေးပါစေ။
    ReplyDelete
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...