Tuesday, October 20, 2009

သတ်မှတ်ချက်ကိုကန့်သတ်ကြည့်ပါ။

ဘက်စ်ကားတွယ်စီးသလို
ဖရိုဖရဲဖြစ်မှုတွေနောက်ကွယ်မှာ
ခုနှစ်ထွေအကကို Looping ပတ်ထားတော့
ငိုချင်းနဲ့လဲမဆုံးနိုင်သေးဘူး။

ကိုယ့်အတွေးကိုယ်
ပြောင်းပြန်လှန်ကြည့်တော့
ဖိနပ်တွေလေပေါ်ဝဲသွားတယ်
ခလေးတယောက်ကို မုန့်ဖိုးပေးလိုက်ပါ
သူကြိုက်တာသူရွေးဝယ်လိမ့်မယ်
အရာရာတိုင်းက တန်ရာတန်ကြေးရှိပေမယ့်
အခါခပ်သိမ်းအတွက် မှန်ရာမှန်ကြေးမရှိဘူး
သဒ္ဒါကြေးနဲ့ဗေဒင်ဟောစားနေသလို
ယတြာဖိုး ကသတ်မှတ်လို့မရတော့
ခင်ဗျား ပူရင်ပူသလောက်ဘဲ။


ဘလာဂေါက်

2 comments:

  1. ...လုပ်လှချည်လား မောင်ဂေါက်ရေ...း)

    ReplyDelete
  2. ကိုဘလာဂေါက် ကဗျာလေးကို ဖတ်ပြီး ဂေါက်တောက်တောက်တောင် ဖြစ်လာပြီ။ အဟဲ
    နောက်တာပါ။
    ကျွန်တော့်ကို မုန့်ဖိုးပေးကြည့်ပါ.
    ရေခဲမုန့်နဲ့ အာလူးကြော်ပဲ ၀ယ်စားလိုက်မယ်။
    ပိုပေးရင်တော့ ရမဲ့အစားကောင်း ရွေးဝယ်မပေါ့ဗျ။ ဟဲဟဲ

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...