Tuesday, September 22, 2009

နှစ်ချို့ကော်ဖီ ၂

အချိုတွေများလွန်းတဲ့ ဘ၀ကို

ငါသိပ်အရသာမတွေ့ဘူး …..

တတ်နိုင်သမျှတော့ ကိုယ့်ကိုယ်ခါးသက်ထားလိုက်တယ်

ထင်ထားတာထက် ပိုမြန်တဲ့အမှန်တရား

ငရဲတံခါးတွေအားလုံးကိုယ့်လက်နဲ့ကိုယ်ဖွင့်ခဲ့ကြတာချည်းပဲ

မြို့တွေပင်လယ်တွေနှစ်ကာလတွေ

တောင်တန်းလွင်ပြင်ချိုင်ဝှမ်း

ရှုခင်းအသေထဲကိုဓားမြှောင်ကိုထိုးစိုက်လိုက်တော့

မနက်ဖြန်ကဗျာဟာ ခင်ဗျားမျှော်လင့်သလိုလာမှာမဟုတ်ဘူး…

မြို့ဝင်ကြေးပေးဆောင်ရန်

တံတားဖြတ်သန်းခ

လိုင်စင်ရသွင်းကုန်ထုတ်ကုန်လုပ်ငန်း

အမိန့်ရအပေါင်ဆိုင်

နောက်ဆုံးပါမစ်အရဆုံးခန်းတိုင်အောင်

လိုအပ်တာထက် ပိုမိုခါးသက်နေထိုင်ရန်….

ရှင့်ကိုမချစ်ဘူး

ရေနွေးပူလောင်ဖူးတဲ့လက်ဟာ

ကဗျာကိုရေးတတ်ခဲ့တယ်…

မင်းအနာဂါတ်ကစိုးရိမ်ဖွယ်ရာပဲ

အဲဒီရုပ်နာမ်နှစ်ပါးဟာ

ကဗျာကိုရေးတတ်ခဲ့တယ်…

ဟဲ့ကောင်

မိသားစုတွေဆိုနင်ကထိုးထိုးဟောင်

အဲဒီလို အမေပြောတဲ့ကောင်ဟာ

ကဗျာကိုရေးတတ်ခဲ့တယ်…

ရေးတတ်ခဲ့တယ်ထင်တဲ့ကောင်ဟာ…

မနက်ဖြန်ကဗျာကို ဘယ်လိုလာမယ်မသိ….

မိုးမိတဲ့နေစွဲတွေ ပိုများလာခဲ့တယ်….။


မိုးလှိုင်ည

11 comments:

  1. နှစ်ချို့ကော်ဖီကိုလာခံစားသွားပါတယ်အစ်ကိုရေ.....ပြောင်
    မြောက်လွန်းပါတယ်...အစ်ကိုကဗျာလေးက...

    ReplyDelete
  2. မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ (၁)

    ReplyDelete
  3. အချိုဓါတ်က ခွန်အားကို ဖြစ်စေသလိုပဲ အခါးဓါတ်က ဆေးဘက်ဝင်တယ်လို့ နာမည်ကြီး ကဗျာဆရာတစ်ယောက် ဆုဝေကို ပြောဖူးတယ် သိလား...:)

    နှစ်ချို့ကော်ဖီကို ခါးသက်သက်လေးပဲ ထားလိုက်... ။

    ReplyDelete
  4. ကိုမိုးလှိုင်ညရေ..ကျွန်တော်က ဘုန်းနေသွန်းပါ...

    ReplyDelete
  5. ဟိုတစ်ခါပြောထားတဲ့ ဘလော့ခ်အသစ်လေးလုပ်ပေးဖို့ အဆင်ပြေရင် လုပ်ပေးပါဦး...ပြီးတော့ ဟိုတစ်ခါ ကဗျာရွတ်ပွဲက ကျွန်တော်ရယ် ကိုတိုးနှေင်မိုးရယ်..ကိုဝိုင်ချိုရယ် ပုံလေးရှိသေးရင် လိုချင်ပါတယ်..ကဗျာတွေလည်းဖတ်သွားပါတယ်..အဆင့်အတန်းရှိတဲ့ ကဗျာတွေပါ...ကျေးဇူးတင်ပါတယ်

    ReplyDelete
  6. နှစ်ချို့ ကော်ဖီ လာသောက်သွားပါတယ် အဲလေ လာခံစားသွားပါတယ် ခါးသက်သက် ဒါပေမယ့် ဖျော်တဲ့သူလက်ရာ စွမ်းပါတယ်.....

    ReplyDelete
  7. ဟုတ်တယ်။
    အချိုများတဲ့ ဘ၀ကို ခါးသက်လာတယ်။ ကိုယ့်ကိုယ်ကိုလဲ ခါးသက်ထားလိုက်မိတယ်။ အဲဒီအချိုတွေက ဟန်ဆောင်ချိုထားတာကိုးးးးးးးးး သကြားစစ်စစ်နဲ့ မဟုတ်ပဲ ဆေးသကြားနဲ့ ချိုထားတာနေမယ်နော်။
    ကဗျာလေး သိပ်ကောင်းတယ် အကိုရေ.....

    ReplyDelete
  8. အားပေးနေတယ်အကို။ ခါး ထား လည်း အကိုကော်ဖီက သောက်ကောင်းတုန်းပဲ။

    ReplyDelete
  9. နှစ်ချို့ကော်ဖီလာသောက်သွားပါတယ် ...

    ReplyDelete
  10. မိုးရွာထဲမှာ အတူလမ်းလျှောက်ကြတာပေါ့ညီရာ

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...