Tuesday, August 25, 2009

သေနေတဲ့မြစ်

မြစ်တွေထဲမှာ

တချို့မြစ်တွေဟာသေဆုံးပြီးဖြစ်နေတယ်…။

အဲဒီမြစ်သေတွေထဲမှာ

ဘာတွေပျော်ဝင်နေမှာလည်း

ကန့်ဓါတ်တွေလား

အမှိုက်သရိုက်တွေလား

ကာဗွန်မိုနော့ဆိုဒ်တွေလား

ပလပ်စတစ်အိတ်တွေနဲ့ ပိတ်ဆို့နေမှာလား

မြစ်သေတစ်စင်းထဲမှာ

ခင်ဗျားရေနှစ်ခါ ချိုးလို့ရတယ်

မြစ်သေတွေထဲမှာ အတ္တတွေသောင်ထွန်းနေလို့ရတယ်

မြစ်သေတွေထဲမှာ အသားစားငါးတွေ ရှင်သန်လို့ရတယ်

မြစ်တချို့ဟာဘာကြောင့်သေဆုံးသွားတာလည်း

တချို့မြစ်တွေဟာ မျော်လင့်ချက်ကိုအဆည်ခံလိုက်ရတယ်

တချို့မြစ်တွေဟာ ပျော်ရွှင်မှုကိုတာဖို့ခံထားရတယ်

တချိုမြစ်တွေဟာ အနာဂါတ်တွေ စုံးစုံးမြုပ်သွားလို့

တစ်ယောက်က နှလုံးသားထဲမြစ်သေတစ်ခု

နောက်တစ်ယောက်က အတွေးအခေါ်ထဲမှာမြစ်သေတစ်ခု

နောက်ဆုံးတော့

ဒီကဗျာပါ အနုပညာရဲ့ မြစ်သေတစ်ခုထဲမှာ….


မိုးလှိုင်ည

6 comments:

  1. စဉ်းတော့စဉ်းစားစရာဘဲ
    အစ်မ အိန္ဒြာတုန်းကလည်းမြစ်တုတွေတဲ့ အခုလည်း
    ကိုမိုးလှိုင်ညက မြစ်သေတဲ့။ တွေ.တော့ လိုက်ချင်ပါသေးတယ် ကဗျာဆရာရဲ့ မြစ်ကို ။
    မြစ်တွေကတော့ ကောက်နေကြတုန်းဘဲလေ။

    ReplyDelete
  2.့မြစ်တွေ သေနေ...ကြတယ်..
    မြစ်တွေ အတုအယောင်တွေဖြစ်နေကြတယ်...

    မြစ်တွေ မြစ်ဖြစ်ခွင့်မရဘူး...
့မြစ်တွေ မြစ်လိုစီး..လို့မရဘူး...

    မိုးလှိုင့်မြစ်ကို..လေးလေးနက်နက်ဖတ်သွားပါတယ်..

    ReplyDelete
  3. သေနေတယ်ဆိုတာထက် သေသွားတာ ဗျာ မြစ်တွေတစ်စင်းချင်းသေသွားကြတာ

    ReplyDelete
  4. မြစ်သေတွေထဲမှာ ပျော်ဝင်နေတာက...
    စိတ်အသေ...
    နှလုံးသားအသေ.....

    မြစ်တွေဟာ အကြောင်းမဲ့တော့ သေဆုံးသွားမှာ မဟုတ်ပါဘူး.. ဖြစ်နိုင်တာတော့ သူတို့ရဲ့ စီးဆင်းခွင့်ကို ဘောင်ခတ်ခံလိုက်ရလို့...ဒါမှမဟုတ်... အကြောင်းတစ်စုံတစ်ရာကြောင့် သူတို့ကိုယ်တိုင် စီးဆင်းချင်စိတ် မရှိတော့လို့ ဖြစ်မှာပါ...။

    ReplyDelete
  5. မြစ်တွေ လွတ်လပ်စွာ စီးဆင်းနိုင်ပါစေဗျာ။
    အနုပညာမြစ်လည်း အရှန်အဟုန်နဲ့ စီးဆင်းနိုင်ပါစေ။
    တစ်နေ့နေ့ပေါ့

    ReplyDelete
  6. မြစ်

    ဟောဒီမှာ...
    ခေါင်းကိုက်နေတဲ့မြစ်ပါ့
    သီချင်းဟောင်းတွေကိုပဲ အသစ်လုပ်ဆိုနေရ...

    မြစ်ရဲ့ရင်ကတော့ ပတ်ကြားတွေ အက်အက်
    အလင်းရောင်တွေပဲ ပဲ့ပဲ့ထွက်နေပေါ့....

    ပြောင်းပြန်စီးတဲ့ သွေးတွေ
    နောက်ကျသွားတဲ့ ဖနောင့်တွေ
    လေထီးလွယ်ထားတဲ့ သူရဲကောင်းတွေ
    ကြွေအံကစားရာနေရာမှာ
    မြစ်ဟာ မစီးဆင်းလေဘူး...

    စိတ်.... ပျက်တယ်
    သိပ်.... ခက်တယ်
    အိပ်.... မက်တယ်
    နှိပ်.... စက်တယ်
    ကိုယ့်ဘ၀ဇာတ်ဆရာရယ်....ဆိုပြီး
    ဗဒင် လို
    မြစ်ဟာ..မငိုဘူး...

    အက်စစ်ကို
    ဖက်ဆစ်လို့
    မင်းတို့ ဖတ်နေရတာဟာ
    ခက်ဆစ်ကို နားမလည်လို့လား....
    မြစ်က မေးတယ်။

    ဒီလိုနဲ့
    မင်းမသိလိုက်တဲ့နေ့မှာ
    အိမ်ရှေ့က ဖြတ်မောင်းသွားတဲ့ကားတစင်းလို
    အဲဒီမြစ် စီးဆင်းသွား...

    အဲဒီနေ့ဟာလည်း မင့်နေ့ပဲမောင်
    မြစ်ရဲ့ အရောင်ကို မောင်ရင် မသိသမျှ
    လိုက်လို့လည်း မမှီရလေဘူး။

    .....
    ဒါက ဘလော့ဂါ ကိုအောင်သာငယ်ရဲ့ မြစ်..း)

    ဘယ်လိုမြစ်ပဲ ဖြစ်ဖြစ် ညင်ညင်သာသာ ကြည်ကြည်လင်လင် စီးဆင်းစေချင်တယ်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...