Saturday, August 22, 2009

အချစ်

ငါ့အသည်းနှလုံးဟာ

ကခုန်နေတဲ့ နတ်ဆိုးတစ်ပါးပါ

အဲဒီလိုနဲ့ ကျမ်းစာပါ အချက်အလက်တွေထဲ

ကျိန်စာတွေကိုပဲ အလွတ်ကျက်ခဲ့မိတယ်

ငါဟာ

သွေးနဲ့တီးခတ်တဲ့ဂီတကိုကြားယောင်လို့

အမှောင်ထဲကို

နက်နက်ရှိုင်းရှိုင်းတိုးဝင်လို့

လျှက်စီးရောင်နဲ့လက်ဖြာတဲ့ ဓားသွားပေါ်မှာ

ပျားရည်နှင်းစက်တွေကို

အငမ်းမရစားသုံးလို့

ငါ့အသည်းနှလုံးဟာ

ကခုန်နေတဲ့နတ်ဆိုးတစ်ပါးပါ…

ဘယ်လို ချိုမြိန်မှာလည်း

အချစ်ဟာအေးစက်နာကျင်စူးနစ်ရင်း…။


မိုးလှိုင်ည

5 comments:

  1. ဟုတ်တယ်... အချစ်က မချိုဘူး...အဲဒါကြောင့်...

    "အသည်းမကွဲအောင် နေထိုင်ခြင်းအတတ်
    ငါ ချစ်ခြင်းတရားနဲ့ မပတ်သက်တော့ပါ..."

    ( ဦးလေး ရေးဖူးတဲ့ ကဗျာထဲက စာသားနော် :P )

    ReplyDelete
  2. ကိုမိုးလှိုင်ညရေ... နှလုံးဟာ ကခုန်နေတဲ့ နတ်ဆိုးတစ်ပါးဆိုရင် အချစ်ဟာ အဲ့နတ်ဆိုးပေးသနားတဲ့ အေးစက်နာကျင်စူးနစ်မှု ဆိုပါတော့


    ခင်မင်စွာဖြင့်

    လင်းဦး(စိတ်ပညာ)

    ReplyDelete
  3. ကဗျာလေးတွေ တော်တော်ကောင်းတယ်နော်။ လာလည်သွားတာ ကျေးဇူးအထူးတင်ပါတယ်။ ဟုတ်တယ် ”ည”ချင်းတူတယ်။ ကျွန်မ လသာည ပါ..။. ခင်မင်စွာဖြင့်

    ReplyDelete
  4. ကဗျာ...လေး..လှလိုက်တာ..

    ကဗျာဆရာက အချစ်ကြီးပုံပါလား...းP

    ReplyDelete
  5. အော်...အချစ်ကဗျာ...
    အသည်းနှလုံးက ကခုန်နေတဲ့ နတ်ဆိုးတစ်ပါးပေါ့။
    မိုက်တယ်ဗျာ။။။ ခိုင်းနှိုင်းပုံလေးတွေ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...