Tuesday, August 18, 2009

မွေးနေ့လက်ဆောင် ကဗျာနှစ်ပုဒ်

မွေးနေ့လက်ဆောင် ကဗျာနှစ်ပုဒ် တစ်ပုဒ်က ညီမလေး ဆုငယ်

နောက်တစ်ပုဒ်က whitecrystal ဆိုတဲ့ သူငယ်ချင်းပါ…

သူလည်း အခုမှ ဘလော့အသစ်လုပ်ထားတာ … နှစ်ယောက်လုံးကို

ကျေးဇူးတင်လို့ ဒီဘလော့ပိုစ့်မှာ အမှတ်တရသိမ်းထားလိုက်တယ်…။










မျှော်လင့်ခြင်းအသစ်တွေနဲ့ ... နှစ်ဆယ့်ရှစ်

အသုံးမကျလို့.. ဆိုပြီး

ကိုယ့်ကိုယ်ကိုယ်တော့

ပြန်မမုန်းလိုက်ပါနဲ့ သူငယ်ချင်း...

ငါက မင်းထက်ပိုပြီး အသုံးမကျလို့
မင်းပေးတဲ့ စာအလင်းနဲ့
လောကအမှောင်ကို
ဖယ်ခွင်းကြည့်နေရတာပါ...

ဖြတ်သန်းခဲ့ပြီးတဲ့ ၂၇ နှစ်တာသက်တမ်းမှာ
မင်းရေးခဲ့တဲ့ ကဗျာတွေက
“မိုးလှိုင်ည”ဆိုတဲ့ ဖြစ်တည်မှုကို
ပီပီပြင်ပြင် ထုဆစ်ပြခဲ့ပြီ...

ဆုတ်ဖြဲခံထားရတဲ့
ငါတို့နိုင်ငံရဲ့ သမိုင်းစာမျက်နှာတွေကို
မင်းက မြင်သာအောင် ရေးပြခဲ့သလို
တမင်တကာ မေ့လျော့ထားကြတဲ့
အထင်ကရ ရက်စွဲတွေမှာလဲ
အမှန်တရားအတွက်
ကလောင်သွားတစ်လက်နဲ့
မင်း တာဝန်ကျေခဲ့တယ်...

မျှော်လင့်ချက်ကင်းမဲ့စွာ
စိတ်ဓါတ်ကျနေတဲ့ အချိန်တိုင်း
ပို့စ်မော်ဒန်ကဖေးမှာ မင်းကိုရှာခဲ့တယ်...

မင်းက ဓါတ်တိုင်ဝင်စားတဲ့သူဆိုရင်
နောင်လာမယ့်နှစ်တွေအထိ
နိုင်သလောက်စွမ်းအားနဲ့
လူတွေကို လမ်းပြပေါ့...

( တခါတရံ ) မင်းကိုယ်တိုင် မှောင်မိုက်ခဲ့ရင်လဲ
နားလည်စွာနဲ့ မငြူစူဘဲ
ငါတို့တွဲလက်တွေ မြဲစေမယ်...

သက်တမ်းရှည်ကြာလာတာနဲ့အမျှ
စွဲမက်ဖွယ် ပြင်းရှလာမယ့်
နှစ်ချို့ကော်ဖီတစ်ခွက်ရဲ့ အရသာကို
ယုံကြည်စွာ ခံစားရင်း...

မျှော်လင့်ခြင်းအသစ်တွေနဲ့
ရှစ်ရက် ရှစ်လပေါင်း များစွာကို
အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းခွင့်ရစေကြောင်း
ဆုတောင်းပေးတယ် သူငယ်ချင်း...။


whitecrystal



လွန်ခဲ့တဲ့ ငါးလခြောက်လ လောက်တုန်းက ၊ မော်ဒန် ကဗျာတွေရေးတာ တော်တယ်ဆိုလို့ သူငယ်ချင်းပြောပြလို့ ကော်ဖီးခါးခါးနဲ့ မြို့ပြညလေးထဲ ကို အလည်ရောက်ရင်း ခင်ခွင့်ရခဲ့တဲ့ အစ်ကို ကဗျာဆရာမိုးလှိုင်ည တွက် မွေးနေ့ အမှတ်တရ....

ကော်ဖီခါးခါးနဲ့ ငါ့မြို့ပြညလေးထဲ
အမှတ်တမဲ့ ရောက်ရင်
မှတ်မှတ်ရရ ရင်းနှီးကျွမ်းဝင်
လေးစားခဲ့ရတဲ့ အစ်ကိုကဗျာဆရာ

ကဗျာတွေရေးရင် သောကအမောတွေဖြေ
ကဗျာတွေက သူ့ဘ၀ရဲ့အဖော်ကောင်းပဲလေ
ကိုယ့်ဒူးကိုယ်ချွန် ကိုယ်လမ်းကိုယ်လျှောက်ရင်
အမှန်တရားကို မြတ်နိုးတဲ့အစ်ကို ကဗျာဆရာ

ခါးသီးတဲ့ ဘ၀ကြီးထဲမှာ
ကဗျာဆရာ ဖြစ်ရတာကိုဂုဏ်ယူဝင့်ကြွားတဲ့သူ
နေ့ရက်တွေက ဘာမှမပာုတ်သလိုခနလေးနဲ့
အစ်ကို့ အသက် ၂၇ နှစ် ပြည့်ခဲ့ပြီးပဲ
ဖြူစင်တဲ့ စိတ်ဓါတ်တဲ့
မာန်မာနတွေ ကင်းတဲ့
အစ်ကို တစ်ယောက်
အစ်ကို ချစ်တဲ့ ကဗျာတွေဆက်ရေးရင်
အစ်ကို ရောက်ချင်တဲ့ ပန်းတိုင်ကို
ဘေးရန် အနှောက်အယှက်ကင်းစွာ
လျှောက်လှမ်းနိုင်ပါစေလို့
ညီမလေး ဆုတောင်းပေးပါတယ်။

( ကိုယ်ကြိုက်တဲ့ ကဗျာ ဆရာလို့သာဆိုတယ် ၊ ကိုယ်က အစ်ကို့ မွေးနေ့ကိုတောင်နောက်ကျမှ သိခဲ့တဲ့အတွက် ဆော်ရီးပါ အစ်ကို )။


ဆုငယ်




3 comments:

  1. အစ်ကိုရေ ကျနော်အရင်ရောက်တယ်

    ReplyDelete
  2.ွှအဲ့ အစ်ကို မိုးလှိုင်ညရေ ဟီးဟီးကျနော် မဖတ်ရသေးဘူး သူများဦးသွားမှာ ဆိုးလို့ အရင်ရေးလိုက်တာ မွေးနေလားသိဘူး ၀မ်းသာတယ် ဟဲဟဲ

    ReplyDelete
  3. မွေးနေ့ကို နောက်ကျပြီးမှ ရောက်လာသလို တဖွဲ့တနွဲ့ လည်း ကဗျာမပေးဖြစ်တာ ခွင့်လွှတ်ပါ...။

    အေးချမ်းပျော်ရွှင်ပါစေလို့ ဆုတောင်းပေးတယ်

    စာပေခရီးမှာလည်း အောင်မြင်စွာ ရှေ့ဆက်နိင်ပါစေ..။

    ကျွန်တော်က ၂၈ ကို ၃ လ လောက်ကျော်နေပြီ...။
    သူငယ်ချင်းလိုပဲ သဘောထားပါဗျာ...။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...