Friday, August 14, 2009

ရပ်နားထားရတဲ့ ဂီတ

ကိုငှက်

ကမ္ဘာကြီးထဲမှာ အဆိုတော်တွေများတယ်

ဂီတပညာရှင်တော့ ရှားနေတုန်း

ကမ္ဘာကြီးထဲမှာ

စာရေးဆရာတွေများတယ်

ကဗျာဆရာတွေရှားပါးတုန်းပဲ…

အဲဒီ ကမ္ဘာထဲမှာ

ကိုငှက်ရဲ့ အသံဟာ

ကိုငှက်မရှိတဲ့ ငါးနှစ်မှာလည်း

ကျွန်တော်တို့နားထောင်ဖြစ်နေတုန်းပါ…



“ကျွန်တော့် အတ္တရဲ့ ၀န်ထုပ်ဝန်ပိုးကို

သမီးလေးမိကွန်ထောအပေါ်ကိုတင်ပေးမချင်ဘူးလို့”

ကိုငှက်ပြောခဲ့ဖူးတယ်…။



ကျွန်တော်ကတော့အတ္တများကြီးနေမိမလား..!



သံသရာမှ အလဲအထပ်လုပ်လို့ရရင်

ကျွန်တော့်ရဲ့ လူအဖြစ်ဆယ်ဘ၀နဲ့

ကိုငှက် လူအဖြစ်တစ်ဘ၀ကို လဲပေးလိုက်ချင်တယ်

ကမ္ဘာကြီးထဲမှာ ကျွန်တော်တို့ ကိုယ်ပိုင်အသံကို

ရပ်နားမထားခဲ့ချင်ဘူး…။



မိုးလှိုင်ည


ကိုငှက်ပုံတူကို ကိုအောင်သာငယဘလော့မှ ကူးယူတင်ပြပါသည်။



No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...