Sunday, August 30, 2009

အရေးအသားများ

တချို့က ရေပေါ်မှာ အရုပ်ရေးတယ်

တချို့က သမိုင်းရေးတယ်

တချို့က အထ္တုပတ္တိရေးတယ်

တချို့က ဆီဆေးနဲ့ရေးတယ်

တချို့က ရေဆေးနဲ့ရေးတယ်

တချို့က ရင်ဘတ်နဲ့ရေးတယ်

တချို့က ကောက်ကျစ်တဲ့ခေါင်းတွေနဲ့ရေးတယ်

တချို့က ပရိုဂရမ်တွေရေးတယ်

တချို့က ဗိုင်းရပ်စ်တွေရေးတယ်

တချို့က ဘလော့ရေးတယ်

တချို့က ပရောဂျက်ရေးတယ်

တချို့က အမြတ်ဝေစုရေးတယ်

တချို့က ကုန်ကျစရိတ်ရေးတယ်

တချို့က အလှုအတန်းစာရင်းရေးတယ်

တချို့က ကျောက်စာရေးတယ်

တချို့က သမ္မာန်စာရေးတယ်

တချို့က ၀ရမ်းရေးတယ်

တချို့က စီရင်ချက်ရေးတယ်

တချို့က အများသိစေရန် ကြေညာချက်ရေးတယ်

တချို့က ကွာရှင်းစာချုပ်ရေးတယ်

တချို့က လွတ်လပ်ရေးကြောငြာစာတန်းရေးတယ်

တချို့က အခြေမခိုင်ဥပဒေတွေရေးတယ်

တချို့က သမိုင်းရေးတယ်

တချို့က ရေပေါ်မှာအရုပ်ရေးတယ်….




မိုးလှိုင်ည


အဝေးရောက်ပင်လယ် မှ ကူးယူဖော်ပြသည်....။

4 comments:

  1. ကျွန်တော်လည်း ရေးတော့ ရေးသဗျာ..။

    ReplyDelete
  2. တချို့က ကီးဘုတ်ပေါ်က ယူနီကုတ်နဲ့ ကဗျာရေးတာလေအကို .....ရေပေါ် အရုပ်ရေးတာထက်စာရင်မဆိုးပါဘူး နော်....

    ReplyDelete
  3. အကြောင်းကြောင်း ကြောင့် အဆင်မပြေတာဖြစ်ခဲ့ရင် ကျွန်တော်တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်က ကိုယ်နာမယ်ပေါ်လွင်ရေးဆိုတာထက် အများဖတ်စေဖို့ ဆန္ဒဘဲရှိပါတယ်။ ကောင်းတဲ့ အရာဘယ်အရာမဆို ဘလော့မှာ သိမ်းထားလေ့ ရှိတယ်။ ကိုဒေါင်းနီဆိုတာကလည်း ရိုးသားတဲ့ တက်လူငယ်လေးတယောက်ပါ သူ့ အနေနဲ့ လည်း နာမည်ဆိုတာထက် သူကြိုက်တဲ့ အရာမှန်သမျှပိုးပေးလေ့ ရှိတယ် တခါတလေလည်း ရေးသားသူအမည်ပါလာတာရှိသလို တခါတလေလည်း မပါဘူးဗျ။ ဘာဖြစ်လို့ လည်းဆိုတော့ ဘလော့တွေ များတော့ သူသုံးကိုယ်သုံး နဲ့ ရေးသူ နာမည်ထည့်မတင်ကျတော့ ဒီပြသနာတွေ ပေါ်လာတာ။ တောင်းပန်ပါတယ်ခင်မျာ။

    ကျွန်တော် ကလောင်အမည် ပြောင်းလိုက်ပါပြီ အဆင်ပြေပါစေ။

    လေးစားစွာဖြင့်

    ReplyDelete
  4. အဝေးရောက်ပင်လယ်မှာဖတ်ခဲ့ပါတယ်။
    ခုလဲ ပြန်ဖတ်ပါတယ်။ ဘာပြောချင်ပါသလဲ။ ဟဲဟဲ
    သမီးကတော့ ဘယ်လိုရေးရေး၊ ဘယ်မှာရေးရေး အရောက်လာဖတ်ပါတယ်။ ဒါပါပဲ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...