Wednesday, August 5, 2009

သံလွင်ကို အိပ်မက်တဲ့အခါ


















“သံလွင်အိပ်မက်”

သံလွင်ကိုအိပ်မက်တဲ့အခါ…

ငါတို့ရဲ့တေးသွားကိုကြားလိမ့်မယ်…

ကမ္ဘာအရပ်ရပ်က လွင့်ပျံ့နေတဲ့

အိပ်မက်တွေကိုစုစည်း..

ငါတို့ သံလွင်လို စီးမယ်…

တောင်တန်းများ ၊ ချိုင်ဝှမ်းများ

လွင်ပြင်ကျယ်များ၊ လယ်ကွင်းများ

စီးဆင်းလာခဲ့တဲ့ခရီးမှာ…

ဘယ်လိုမြစ်ကျဉ်းမျိုးနဲ့ဆုံဆုံ

ဘယ်လိုကျောက်သားနံရံနဲ့ကာကာ

မြေမျက်နှာသွင်ပြင် ဘယ်လောက်ကြမ်းမလဲ…

သံလွင်ဟာ အနှစ်သာရအပြည့်နဲ့

နှစ်ကာလတွေကြား

ရွေ့လျားလှပနေမယ်….

သူ့ရင်ဘတ်ကမ်းပါးပေါ်မှာက

မြို့တွေရွာတွေ ဘ၀တွေ

မျှော်လင့်ခြင်းအိပ်မက်အသစ်

ဆက်လက်အသက်ရှင်ခဲ့ပေါ့…

တခါတရံတော့ သံလွင်ဟာ

သောင်ထွန်းခဲ့မယ်၊ ကျွန်းပေါ်ခဲ့မယ်၊

ဝဲဂယက်ထခဲ့မယ်…

ဒါပေမယ့် သံလွင်ရဲ့ အသက်

သံလွင်ရဲ့ မေတ္တာတရား

သံလွင်ရဲ့တေးသွားက

လွတ်လပ်ခြင်းနဲ့ အနုပညာ…

သံလွင်ဟာ ရှင်သန်ခြင်းကိုကိုယ်စားပြုတယ်

ရင့်ကျက်မှုကိုအသွင်ဆောင်တယ်…

သံလွင်ကို အိပ်မက်ပါ…

လွတ်လပ်ခြင်းနဲ့ အနုပညာအတွက်

ငါတို့ရဲ့တေးသွားကို

ရာစုနှစ်ထဲ

အဖန်ဖန် အထပ်ထပ်ကြားရလိမ့်မယ်…॥။


မိုးလှိုင်ည


သံလွင်အိပ်မက် အတွဲ ၂ အမှတ် ၂

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...