Saturday, August 1, 2009

မိုးသားတွေစိုက်တဲ့ အိပ်မက်






တိမ်တွေကို ရိတ်သိမ်းဖို့

ကြိုးစားနေတုန်း

မိုးသားတွေညှို့တက်နေတဲ့

အိမ်ကလေးထဲမှာ

အဖြူအမည်းနံရံပေါ်က

သုံးကြိမ်မြောက်အိပ်မက်

တတိယမြောက်အမှား

ရက်စွဲမပါတဲ့ ဒိုင်ယာရီထဲ

ပြန်လည်သိမ်းဆည်းထားမိတယ်

တစ်ယောက်တည်း ကြေကွဲနေရတဲ့

သိဟ်ရာသီမှာ

ငါပျော်ခဲ့ပါတယ်… မိုးရယ်

မိုးလှိုင်ည

6 comments:

  1. ရက်စွဲမပါတဲ့ ဒိုင်ယာရီထဲ ပြန်လည်သိမ်းဆည်းထားမိတယ် တစ်ယောက်တည်း ကြေကွဲနေရတဲ့ သိဟ်ရာသီမှာ ငါပျော်ခဲ့ပါတယ်…(စိုး)ရယ်။
    ကျနော့်ထည့်ချင်တာလေးထည့်လိုက်တာပါဗျ။
    အဲ့နေရာလေးကိုကြိုက်လို့ ဗျ။မိုက်တယ်။

    ReplyDelete
  2. မရောက်တာ အတော်ကို ကြာသွားတယ် ..။
    ကဗျာကောင်းတွေကို တ၀ကြီး ဖတ်သွားတယ် အစ်ကိုတော် ..။

    ခင်မင်စွာဖြင့်
    idulize(အရုပ်ကလေး)

    ReplyDelete
  3. ကျွန်တော်ပါ မိုးတွေ စိုစွတ်သွားရဲ့။

    ReplyDelete
  4. ပျော်ခဲ့တယ်
    ကြေကြေ ကွဲကွဲ ။

    ReplyDelete
  5. နောက်ဆုံးတော့လဲ
    ပျော်ခဲ့ပါတယ် ဆိုတဲ့
    ခံစားချက်လေးတစ်ခုနဲ့ပဲ...

    မိုးအိပ်မက်လေးကို တမ်းတမ်းတတ မက်သွားတယ်။

    ReplyDelete
  6. ကဗျာတွေကို လာရောက်ခံစား သွားပါကြောင်း...။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...