Tuesday, July 28, 2009

ခင်ဗျားအခုဘာလုပ်နေတာလဲ?

27 Jul 09, 21:11

з@у: ကဗျာကို ကဗျာလိုရေးပါလို့ အကြံပေးပါရစေ။ကဗျာလို့အော်နေပြီး ကဗျာရောဟုတ်လားပြန်စစ်ပါအုံး။ကိုယ်တတ်သလောက်

ကြိုးစားထားတာတွေကိုတော့လေးစားပါတယ်။


Wednesday, March 25, 2009

ခင်ဗျားအခုဘာလုပ်နေတာလဲ?

ကျွန်တော်ကဗျာရေးနေတယ်…
အဲဒီလိုပြောရင်…
`ခင်ဗျားရေးနေတာ ကဗျာလားဆိုတဲ့´ မေးခွန်းက
ကိုယ့်ရင်ဘတ်ကိုပြန်ပြန်ဆောင့်တယ်
လက်လှုပ်လှုပ် ခြေလှုပ်လှုပ်
အလုပ်ပြုတ်တာကအစ
စစ်ကြေငြာတာအထိ…
ခင်ဗျားစကားလုံးတွေနဲ့ ထည့်ထည့်လှုပ်တယ်…
ကဗျာဟာ စက်ရုံကထွက်သလို
ပုံစံတူ ဒလဟောနဲ့
လောင်းကစားသမားဆန်ဆန်
ငွေမျောရင်ငွေနဲ့လိုက်
ကဗျာမျောရင် ကဗျာနဲ့လိုက်လို့
ခင်ဗျားအနုပညာကို အဖတ်ဆယ်လို့ရနိုင်ပါ့မလား…
အဲဒီမေးခွန်းတချို့နဲ့
ကိုယ့်ကိုယ်ကိုပြန်တိုက်ခိုက်မိတဲ့ည
ကျွန်တော်ကဗျာရေးလို့မရတော့ဘူး…
ဒါပေမယ့်
ကျွန်တော် ကဗျာကို အသေအချာရေးနေတာပါ…။

မိုးလှိုင်ည

2 comments:

ကြယ်ပြာ said...

ကြယ်ပြာလဲ ကဗျာလို့ နာမည်တပ်လိုက်တိုင်း ပြန်ပြန်စဉ်းစားမိတယ် ... ငါရေးနေတာ ကဗျာလားလို့ .. သေချာတာတခုက တော့ ခံစားချက်တွေကို စကားလုံးတွေနဲ့တန်ဆာဆင်တာပါပဲ ... ဖတ်သူကကဗျာလို့ သတ်မှတ်ရင် ကဗျာပဲပေါ့ ...

March 26, 2009 2:04 PM

ကိုဖြိုး said...

ခင်ဗျားရေးနေတာ ကဗျာလားဆိုတဲ့ မေးခွန်းက မင်းရင်ဘတ်ကို ပြန်ဆောင့်ပြီဆိုရင်တော့ ဒီကောင်က မင်းထက် အရပ်ပုရမယ်ကွ။ အဲတော့လည်း မထူးပါဘူးကွာ။ သူ့ခေါင်းကိုသာ တံတောင်နဲ့ ထောင်းပေတော့။ ကဗျာဆရာရေးတာ ကဗျာမဟုတ်လို့ ဘာဖြစ်ချင်လို့တုန်းကွ။ အဲလို ပေကတ်ကတ်လုပ်နေရင်တော့ အနုပညာမဟုတ်တော့ဘူး။ ပန်းချီဆရာတွေ ဆေးစက်ကျရာ အရုပ်ထင်သပဆိုရင် ... ကဗျာဆရာတွေ အက္ခရာကျရာ ကဗျာထင်ရမယ် ...
ကဗျာဆရာ မေးတဲ့ မေးခွန်းကို ဖြေရရင်တော့ ... အလုပ်မရှိတဲ့ အလုပ်ကို ထိုင်လုပ်နေတယ်ပဲ ဖြေရတော့မယ်။ ကဗျာဆရာရယ် ... ခင်ဗျားရဲ့ လက်ကကလေးနဲ့ ကံကြမ္မာကြီးကို ဇတ်ပိုးအုပ်ပေးစမ်းပါ ...

March 30, 2009 10:38 AM


စာကြွင်း : စာဖတ်သူများ အနှောင့်အယှက်မဖြစ်ရအောင် ကျွန်တော်ဆက်လက်ကြိုးစားသွားပါ့မယ်


ခင်မင်လေးစားစွာဖြင့်

မိုးလှိုင်ည


14 comments:

  1. з@у: ရေးတဲ့ ကဗျာလေးတစ်ပုဒ်လောက်
    ဒီကော်မန့်အောက်မှာ ဖတ်ချင်သေးတယ်

    ReplyDelete
  2. လူတွေ..ကလဲ..တော်တော်ခက်တယ်နော်
    ကိုယ်နားမလည်တိုင်း..သူများဖန်တီးထားတာကို
    ပုတ်ခတ်ချင်တယ်..နဒီ..ကတော့...နဒီ..ရေးလို့ 
    ကြိုက်ရင်..ပြီးသာပဲ..သူများအကြိုက်တော့လိုက်မရေးတတ်ဖူး..ရှင့်
    အားပေးနေမယ်..အစ်ကိုရေ.
    ဆက်သာချီတက်....

    ReplyDelete
  3. အင်းးး ဘာပြောရမလဲ..။ ဘာမှ မပြောတော့ဘူး။ အဝေးက အကဲခတ် သွားသည်။း)

    ReplyDelete
  4. အော် ဒွတ်ခဒွတ်ခလို့သာညဉ်းခြင်တယ် 3@y: ကဗျာဟုတ်မဟုတ် သေသေချာချာသာ ဖတ်ကြည့်ပါလားလို့အော် လိုက်ခြင်တယ် ဘယ်လိုပေတံမျိုးနဲ့ ပြောတာလဲဗျာ ဖြေရှင်းပေးပါ ဗဟုသုတရတာပေါ့ 3@y: ရယ်

    ReplyDelete
  5. ကဗျာ ဆိုတာ ဘာလဲ...
    ကဗျာ့ ၀ိသေသဆိုတာ ဘာလဲ..
    ကဗျာ့သွင်ပြင် လက္ခာဏာ ဘာရှိမလဲ..
    ကဗျာသရုပ် ဘယ်လိုခွဲမလဲ...
    ကဗျာ... ကဗျာ... ကဗျာ
    အတော်စားတဲ့ ကဗျာပေပဲ..
    ကဗျာခေါင်းစဉ်တပ်တိုင်း ကဗျာလေလား...
    အတွေးတသုတ် ဖြုတ်ဖြုတ်ကြွေတိုင်း.
    ကပျာ့ ရာသီလား... ကဗျာ့ရာသီလား..
    ပြည်သူအတွက် ကဗျာလား...
    ထားခဲ့တော့ ၁၉ ရာစုထဲမှာ
    ကဗျာဖတ်သူအတွက် ကဗျာလား...
    ထားခဲ့တော့ ၂၀ ရာစုထဲမှာ
    ကဗျာ့အတွက် ကဗျာလား...
    ထားခဲ့လိုက်တော့ မနေ့တစ်နေ့မှာ
    ဘုရားလေး... ဘုရားရေ..
    ကဗျာဘွဲ့မှူုး အသံရောကောင်းသေးရဲ့လား
    မြန်မာမှာ ကဗျာစစ် ဘယ်နှစ်ကြိမ်ဖြစ်ခဲ့သလဲ..
    ကဗျာကိုရော ခြံခတ်ထားလို့ရသလား..
    ဟောဒါ ကဗျာ၊ ဟောဒီ ကဗျာ၊
    လေးထောင့်စပ် စည်းရိုးကလေးခပ်ရင်း
    အော် ကဗျာ့ ကဗျာ ကဗျာ အဲတာ ကဗျာလား..
    မှန်ဘောင်ကလေးသွင်း.. အော်ရောင်းလိုကရောင်း..
    ဟောဒါက ချို၊ ဟောဒါက နားရွက်
    ဒါလေးကပါးစပ်ခင်ဗျာ... ဒီအရာ မျက်စေ့ပေါ့
    ဒါတွေစုံမှ ကဗျာ... ဟုတ်ပါ့မလား ခင်ဗျာ
    ကဗျာသမိုင်း ဘယ်တော့မှမဆုံး
    ကဗျာနယ်နမိတ် ဘယ်တော့မှမဆုံး
    ကဗျာဖွင့်ဆိုချက် တန်းကျောင်းဖတ်စာမှာပဲ ရှိမယ်
    ဒါတွေမသိလည်း သိပ်တော့အရေးမကြီး
    သတိမမူ ကဗျာမမြင်
    သတိမူလည်း မြင်ချင်မှမြင်ရမှာဆိုတော့
    ကံကြီးတယ်သတိထား ကဗျာ့ရိုးရာနှောက်တတ်တယ်နော်။

    ReplyDelete
  6. ပင်လယ်ထဲရေဆင်းချိုးပြီး
    ငန်လိုက်တာလို့ ပြောနေတဲ့လူ တယောက်ကိုတွေ့ခဲ့ရင်
    ပြုံးပြလိုက်ပါ ညီလေးရေ့...

    ReplyDelete
  7. ကိုယ့်ဖာသာကိုယ် ကဗျာ လို့ သတ်မှတ်တယ်
    ဖတ်သူကလဲ အဲဒါ ကဗျာပဲလို့ ခံစား သွားရင်အဲဒါ
    ကဗျာ ပေါ့

    ကိုယ့်ဖာသာကိုယ် ကဗျာ လို့ သတ်မှတ်တယ်
    ဖတ်သူက ကဗျာက မထင်လဲ (သူ့အတွက်) ကဗျာ မဟုတ်ဖူး ပေါ့..

    ဘာဖြစ်လို့လဲ..း)..

    ဘယ်လို အရာမျိုး ကို ကဗျာ လို့ ခေါ်တာလဲ
    ဘယ်လို လူမျိုး က ကဗျာ ဆရာလဲ

    ရေးသူတွေနဲ့ ဆိုင်တာတော့အမှန်
    ဒါပေမဲ့ အဲဒီအနုပညာ ကိုခံစားသူတွေနဲ့ ပိုသက်ဆိုင်မယ် ထင်တာပဲ

    ပညတ်တွေနဲ့ ဝေးတဲ့နေရာမှာ ကဗျာဆရာတွေ စုဝေးမိတတ်ကြတယ်.. ကျန်တဲ့သူတွေတချို့က ပညတ်တွေနဲ့ ပိတ်မိနေတတ်ကြတယ်

    ခင်မင်စွာ ဖြင့်

    ReplyDelete
  8. ဘယ်သူမှလက်ခံချင် မခံချင်နေ ကျွန်တော်ကတော့ ကျွန်တော်ရေးတဲ့ကဗျာ ကျွန်တော့်ဝါဒ ကဗျာပဲ။ ခေါင်းစဉ်တွေ တပ်ထားသမျှ ၀ါဒတွေဆိုတာ ဘယ်အခါမှ မတည်မြဲပါဘူး အကိုရာ..။ စကားလုံးပါဒ အတိမ်အနက်နဲ့ ဖွဲ့တည်မှုကို ပုံသေကြည့်ပြီး ကဗျာ စစ်မစစ် လိုက်တိုင်းတာ နေရင် တိုင်းတာနေတဲ့သူဟာ အမြင်ကျဉ်းတယ်လို့ ပြောချင်ပါတယ်။ ကဗျာဟာ..ကဗျာ ပါပဲ။ ကဗျာကို ချစ်လို့ ကျွန်တော်တို့ ကဗျာကို ရေးတယ်။ ကဗျာက ကျွန်တော်တို့ရဲ့ စိတ်ပြတင်း ပေါက် ဖြစ်ချင်ဖြစ်မယ်။ ကဗျာက ကျွန်တော်တို့ အတွက် သုံးဆောင်စရာ အဟာရ ဖြစ်ချင်ဖြစ်မယ်။ သီအိုရီဆိုတာ ပုံသေတွက်ချက်မှုတွေနဲ့ ဘောင်ခတ်ထားမှုတွေပါပဲ။ ကျွန်တော်တို့ရေးတာ လွတ်လပ်တဲ့ ကဗျာ ကျွန်တော်တို့ ရေးတာ လွတ်လပ်တဲ့ အမြင် ကျွန်တော်တို့ရေးတာ လွတ်လပ်တဲ့ စကားလုံးတွေပဲ။ ကဲ 3@y ဆိုတဲ့ သူရေ... ကဗျာ စစ်မစစ် ဘာနဲ့ တိုင်းတာမလဲ တဆိတ်လောက် လင်းစမ်းပါအုံး

    ReplyDelete
  9. ကဗျာကို ကဗျာလိုရေးစေချင်ရင် ဘယ်ဟာက ကဗျာ ဘယ်ဟာက ကဗျာမဟုတ်ဘူးဆိုတာ ညွှန်ပြစေချင်တယ် ....3@Y ရေ

    လွတ်လပ်စွာ သဘောထားကွဲခွင့် ရှိပါတယ်...
    ဒါပေမယ့် ကိုယ့်အဓိပ္ပါယ်နဲ့ ကိုယ်နေလိုက်ပါ ..
    ကဗျာ မဟုတ်ဘူး..ဟုတ်တယ် ပြောရလောက်အောင် 3@Y ရဲ့ကဗျာလေးတွေ ကိုလဲ လေ့လာပါရစေ. . .

    ဆုံးရှုံးခဲ့တယ် ဆိုတာသေချာလို့ ကဗျာရေးနေခဲ့ ကြတာပါ ..
    ကဗျာတပုဒ်ကို ကြိုက်တယ် မကြိုက်ဘူးလို့တော့ပြောခွင့်ရှိပါတယ် ကဗျာဟုတ်တယ် မဟုတ်ဘူးဆိုတာကတော့
    စကားလုံးတွေ နယ်ကျွံလာတာပါပဲ.....။

    ReplyDelete
  10. ဘာပဲပြောပြော သူ့ကြောင့်တော့ ကျွန်တော်တို့ ကဗျာတစ်ပုဒ် ဖတ်လိုက်ရတယ်။ အမြတ်ပေါ့ဗျာ။ ကျေးဇူး 3@Y

    ReplyDelete
  11. ခင်ဗျာ ...
    ကဗျာကို ကဗျာ လိုရေးပါ ...
    ခက်ပြီကော ...
    ကျွန်တော်သိချင်တယ် ...
    ခင်ဗျား ဘာနဲ့ ဖတ်သလဲလို့ .....

    ReplyDelete
  12. ကိုမိုးလှိုင်ပြောခဲ့တာ ဒါကိုးးးး...
    3@Y ဆိုတာ မကြားဖူးတဲ့ မမြင်ဖူးတဲ့ ရယ်ရွှင်ဖွယ် တစ္ဆေတစ်ကောင်လို့ မြင်မိပါတယ်..

    ReplyDelete
  13. မိုးလှိုင်...

    ဟားဟား...

    တို့မောင်နှမတွေ..ကံထနေကြတယ်...

    ဗမာပြည်ကမဂ္ဂဇင်းတွေကိုပါ ပုတ်ခတ်သွားတာကို ရင်နာလို့မဆုံးဘူး....

    ReplyDelete
  14. အာ ဒီမှာလဲ တစ်ယောက်...
    ကဗျာဆိုတာကို ကဗျာလိုဖတ်ပါဗျာ
    အဲဒါ ကဗျာမဟုတ်ရင် ဘာလဲဆိုတာ ရှင်းပြပါ..
    ခက်တော့တာပဲ...
    ကဲ ဆရာသမား ကဗျာဆိုတာ ဘာလဲ...ဘယ်ကလာတာလဲ..ဘယ်အတိုင်းအတာထိ ဆက်ပြောင်းလဲနေမလဲ ဆိုတာလေးရှင်းပြခဲ့ပါ..
    ဒါမှ မရှင်းပြနိုင်ရင်...နောက် ဝင်မမန့်နဲဗျာ...
    ရတု ရကန်တွေမှ ကဗျာလို့သတ်မှတ်ရင်တော့
    ဆရာသမားရေ...တောလားနဲ့ ပတ်စပို့ လျောက်တော့...၊၊

    ဆရာမိုးလိုင်ည ရေ...မနေနိုင်လွန်းလို့ ခွင့်မတောင်းပဲ ဝင်မန့်မိတယ်...မကြိုက်ရင် ဖျက်လိုက်ပါ...၊၊
    လေးစားစွာဖြင့်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...