Saturday, July 18, 2009

၁၉ ဇူလိုင် မေ့နိုင်ပြီလား။

ငါတို့တိုင်းပြည်မှာ

အာဇာနည်တွေ မလုံလောက်သေးဘူးလား…

ဒီအာဇာနည်တစ်နေ့ကိုတောင်မှ

မေ့ချင်ယောင်ဆောင်နေတတ်ကြတယ်…

လဲပြိုမတတ် အိုမင်းနေတဲ့

အတွင်းဝန်ရုံးအနီကြီးကိုငေးရင်း

ငါတို့လွတ်လပ်ရေးဆုံးရှုံးတာ

ဘယ်လောက်တောင်ကြာနေပြီလည်း

ဒါမှမဟုတ်

ငါတို့လွတ်လပ်ရေးကို

ငါတို့တွေမကာကွယ်တတ်ခဲ့တာလား

သခင်အောင်ဆန်းရေ

ဖခင်ပေးတဲ့မြေက

အာဇာနည်တွေထပ်တောင်းနေပြန်ပေါ့

ညီအစ်ကိုမသိတသိ

ကျွန်တော်တို့အားလုံး

အမှောင်ထဲပိတ်မိနေတယ် ဖခင်

၁၉ ဇူလိုင်တဲ့ တော်လဲလည်းမမြည်

ဥသြသံလည်းမဆွဲ

ကျွန်တော်တို့ရင်ဘတ်အမောတွေထဲ

ကမ္ဘာမကြေကို တိုးတိုးကျိတ်ဆိုမိခဲ့ပေါ့…။


မိုးလှိုင်ည

5 comments:

  1. သိပ်ကောင်းတဲ့ကဗျာလေးပါပဲ
    ကျွန်တော်လည်းကမ္ဘာမကြေကို
    တိုးတိုးလေး လိုက်ဆိုနေမိတော့ရဲ့ ။

    ReplyDelete
  2. အတူတူ အလေးပြုသွားတယ်...

    http://aungthange.blogspot.com/2009/07/blog-post_18.html

    ReplyDelete
  3. အာဇာနည်နေ့ကို မေ့ထားကြတဲ့ကြားထဲ တနင်္ဂနွေနေ့လဲ ဖြစ်သွားတော့ ပိတ်ရက်ချင်းရောပြီး သတိမပြုမိကြတော့သလိုပဲ။ လူတွေကိုကြည့်ပြီး အလိုလို ဒေါသထွက်နေမိတယ်။ ဒါပေမယ့် မမေ့နိုင်တဲ့သူတွေနဲ့အတူ ကမ္ဘာမကြေကို ခပ်တိုးတိုးလိုက်ဆိုရင်း အာဇာနည်နေ့ကို အလေးပြုလိုက်ပါတယ်။
    ကဗျာလေးနဲ့ ကမ္ဘာမကြေကို အတူဆိုခွင့်ပေးတဲ့အတွက် ကျေးဇူးပါ ကိုမိုးလှိုင်...။

    ReplyDelete
  4. လာဖတ်ရင်းနဲ့ကျဆုံးလေပြီးသော
    အာဇာနည်သူရဲကောင်းအပေါင်းကိုဂါရဝပြုပါတယ်
    ကောင်းကင်ဘုံကကြယ်ပွင့်တွေပါo
    ဘယ်တော့မှမကြွေတဲ့ ကျနော်တို့နှလုံးသားထဲမှာ
    အစဉ်ထာဝရထွန်းတောက်နေဦးမယ့်ကြယ်ပွင့်တွေပဲပေါ့ဗျာ

    ReplyDelete
  5. အာဇာနည်တွေ အလုံအလောက်ရှိပါရဲ့ဗျာ။ အာဇာနည်လို ကျင့်နိုင်တဲ့လူသာ နည်းနေတာရယ်ပါ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...