Friday, July 10, 2009

ငါဘာမှမပြောချင်တော့ဘူး။

၁၉ရာစု အရက်ပြင်းတွေနဲ့

မင်းမူးနေတုန်းလားသူငယ်ချင်း

ငါတို့က အနီရောင်မုန်တိုင်းကိုလည်း

ဖောက်ထွက်ခဲ့ပြီးပြီ

လက်ယာလက်တွေကိုလည်း

ယဉ်ကျေးအောင်သင်ကြားတတ်ခဲ့ပြီးပြီ။

ငယ်ငယ်က ဖော်ရွေတတ်တဲ့မင်း

စစ်စိတ်စစ်မာန်နဲ့

အခုခက်ထန်နေပြီလား

ကျောင်းတုန်းက ဆေးလိပ်သောက်တာမိရင်

အားလုံးအတွက် တစ်ယောက်တည်း

ဒဏ်ပေးခံတဲ့မင်း..

ငါတို့တွေ လူပျိုပေါက်ဘဝ

အရက်ခိုးသောက်ကြမယ်ဆိုရင်

မင်းကိုယ်တိုင်အရက်စပ်

မင်းကိုယ်တိုင်အမြည်းလုပ်

သူငယ်ချင်းတွေကိုဂရုစိုက်ဖို့ဆိုရင်

ချစ်သူရည်းစားထက်တောင်

ပိုလေးနက်တတ်တဲ့မင်း

အခုတော့ အစိမ်းရောင်ဝတ်စုံနဲ့ မင်းကို

ကေသုံးလုံးဂိုဏ်သားတွေကို မုန်းသလို

ငါတို့ မုန်းနေရမှာလား

ငယ်ငယ်က မင်းရည်ရွှယ်ချက်ကောင်းခဲ့တယ်

ငယ်ငယ်က မင်းမျှော်လင့်ချက် သန့်စင်ခဲ့တယ်

အခုမင်းအကြောင်းကို

ငါတို့တွေ ဘာဆက်ပြောရမှန်းမသိဘူး

အခု

ငါတို့ကို မင်းဘာမှ ပြောခွင့်မပေးဘူး

မင်းလွှဲရမ်းလိုက်တဲ့ လက်ကိုင်တုတ်က

ညီအစ်ကိုအရင်းလည်းမသိဘူး

ဘာသာတရားလည်းမရှိဘူး….

အခုတော့

ငါတို့လည်း ဘာမှဆက်မပြောချင်တော့ဘူးသူငယ်ချင်း…။


မိုးလှိုင်ည

5 comments:

  1. ကောင်းပါတယ်... ဘာမှ မပြောတော့လည်း ကောင်းနေတာပါပဲ။

    ReplyDelete
  2. ကျနော့်သူငယ်ချင်းတွေထဲမလဲ..အဲ့လိုမျိုးတွေ ရှိခဲ့တယ် ကိုမိုးလှိုင်.....ကျနော်လဲ သူတို့ကို ဘာမှ မပြောတော့ဘူး....

    ReplyDelete
  3. ဟုတ်တယ်။ ဆွေရင်းမျိုးရင်းတွေထဲမှာတောင် ရှိတယ်။ မပြောချင်ပါဘူးဗျာ။ စိတ်နာလွန်းလို့။

    ReplyDelete
  4. အသားလေးတွေ လတ်သားပဲ။ ချိတ်သွားပါတယ် ဆရာ။

    ReplyDelete
  5. အရက်ပြင်းသောက်ထားတဲ့လူတစ်ယောက်...။
    အရက်ပြင်းသောက်ထားမိတဲ့လူတစ်ယောက်...။
    အချိန်တန်အမူးပြေချိန်ကို စောင့်ရုံသာ...။
    လက်ထိုးအန်ခိုင်းပြန်ရင်လည်း တော်ကြာသူခေါင်းကိုက်နေဦးမယ်...။
    ကိုလေးဖြူသီချင်းလေး ညည်းသွားတယ်...။
    တိတ်ဆိတ်မှုနဲ့ပေါင်းဖက်ကာ... နှုတ်ပိတ်
    ဆွံ့အမှုတို့ကြားထဲမှာ ... နှုတ်ပိတ်
    ခါးသီးမှုတို့စားသုံးပါ ... နှုတ်ပိတ်...။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...