Wednesday, July 8, 2009

မြစ်ကျိုးအင်း

Wednesday, July 11, 2007

မြစ်ကျိုးအင်း

ပင်လယ်ဆီမသွားတော့ဘူး
ဟောဒီမှာ
ကိုယ်ရပ်နားခဲ့တဲ့ချိုင့်ဝှမ်းလေးကိုခင်တွယ်လို့
ရင်ဘတ်ထဲကရင်ခုန်သံရယ်
ရေကြည်မြက်နုရာရှင်သန်မှု
ကိုယ်ပြုစုရမယ့်ပတ်ဝန်းကျင်မှာ
တန်ဖိုးတစ်ခုတင်ကျန်ခဲ့ရင်ပဲကျေနပ်လှပြီ…။
မေးခွန်းများစွာကိုဖြေကြားဖို့မလိုတော့ဘူး
ထုံအချင်ယောင်ဆောင်လိုက်တော့မယ်
ကိုယ်ကိုယ်တိုင်မမျော်လင့်တော့တဲ့
လှိုင်းတံပိုးတွေအတွက်
မာနတက်နေဖို့မလိုတော့….။

မိုးလှိုင်ည

1 comment:

  1. ကိုယ်ကိုယ်တိုင်မမျော်လင့်တော့တဲ့
    လှိုင်းတံပိုးတွေအတွက်
    မာနတက်နေဖို့မလိုတော့….။


    မည်သည့်အရာ တစ်ခုခုအတွက် ကျွန်တော်တို့တတွေ မာနတက်နေဖို့ လိုအပ်ခဲ့ပါသလဲ???
    ပင်လယ်ဟာ ဟောဒီနေရာထက် သာလွန်ကောင်းမြတ်မယ်လို့ ကျွန်တော်မထင်ပါဘူး...။ ကျွန်တော်တို့ တည်ရှိနေရတဲ့ ရပ်ဝန်းကသာ ကိုယ်ပိုင်အိမ်ယာမဟုတ်လား။ တခြားလူတွေ ဂရုမပြုတာတောင်မှ ကိုယ့်တန်ဖိုးကိုယ်သတ်မှတ်ပြီး ကျေနပ်ကြရင် ... ။

    ပျံလွင့်လာသောအတွေးများသာဖြစ်ပြီး ကဗျာ၏မူရင်း ဆိုလိုချက်နဲ့ ခြားနားနေနိုင်ပါကြောင်း...။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...