Sunday, June 7, 2009

ပိုလျှံနေသော ၀ါကျများ


ငါးဟာ…

ရေကိုမသိသလို၊

လူတွေဟာ…

မသိတာကလွဲလို့

အားလုံးကို သိခဲ့ကြတယ်။

ကြည့်ပါ

တခမ်းတနားနေထိုင်ဖို့

ဘုရားသခင်က အစ

တစ်ခါသုံးဘောလ်ပင်အထိ

ကျွန်တော်တို့…

ဖန်ဆင်းခဲ့ကြ။

ဘာသာစကားကနေ

ဆင်ဖိုနီဓာတ်ပြားအထိ၊

အင်တာနက်ကနေ

ထရိုဂျင်းနစ် မြင်းရုပ်အထိ၊

အေပ်ာ္စီးသေဘာၤကေန

ငရဲၾကီးရွစ္ထပ္အထိ၊

ကျွန်တော်တို့ဖန်ဆင်းခဲ့ကြ။

စည်သွပ်ဘူးကနေ

ဆိုကရေးတီးအဆိပ်ခွက် အထိ၊

အိတ်ခ်ျအိုင်ဗွီပိုး ကနေ

ခေါင်းဖြတ်စက်အထိ၊

ကျွန်တော်တို့ဖန်ဆင်းခဲ့ကြ။

ပိရမစ်ကနေ

စက္ကူနဲ့လုပ်တဲ့ ပန်းအထိ၊

ဆံပင်ဆိုးဆေးကနေ

အာဏာရှင်စနစ်အထိ၊

လူကနေ…

လူပုံတူမျိုးပွား အထိ၊

ကျွန်တော်တို့

ဖန်ဆင်းခဲ့ကြ။

ကျွန်တော်တို့ဟာ

သစ်ပင်ပေါ်ကနေဆင်းပြီး

အချင်းချင်း လက်ဆွဲနှုတ်ဆက်

`ဟလို၊ ဟိုင်း၊ ဟေး´

ယဉ်ကျေးခဲ့ကြပါတယ်။

လေးနဲ့မြှားကို တင်တတ်အောင်

ကောက်တဲ့အခွန်ကို ဆောင်တတ်အောင်

ထီးဖြူမိုးတတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

မိုးမျှော်တိုက်တွေကို ဂူလုပ်ဖို့

နေ၀င်ရင် မီးဖွင့်တတ်အောင်

တိုက်ပုံအင်္ကျီဝတ်တတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

ဒါဝင်က သင်မပေးရအောင်

ရေချိုးခန်းနဲ့ ရေချိုးတတ်အောင်

ကဗျာရေးတတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

တံတားဆောက်တတ်အောင်

ဥပဒေပြုတတ်အောင်

ကွန်ဒုံး သုံးတတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

ဖဲကစားတတ်အောင်

ဘုရားဖူးသွားတတ်အောင်

နျူကလီးယားဗုံး လုပ်တတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

လပေါ်လမ်းလျှောက်တတ်အောင်

ကာကွယ်ဆေးထိုးတတ်အောင်

ကိုယ့်အိမ်တံခါးကို လုံခြုံစွာ ပိတ်တတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

ဒီလိုနဲ့

ကျွန်တော်တို့

စားဖို့အတွက်

ပန်းကန်နဲ့ ချက်ပြုတ်နည်းတစ်ထောင်နဲ့

သူများ အသက်နဲ့။

သောက်ဖို့အတွက်

အိုအေစစ်နဲ့ မိုးခါးရေနဲ့

ရေသန့်ဘူးစက်ရုံနဲ့။

နေဖို့အတွက်

လေအေးပေးစက်နဲ့

ပြက္ခဒိန်နဲ့

ရေလိုက်ငါးလိုက်အတွေးအခေါ်နဲ့။

ကြည့်ဖို့အတွက်

ရုပ်ရှင်ရုံနဲ့ ပန်းချီပြတိုက်နဲ့

တတ်ယောင်ကားမျက်စိနဲ့။

နားထောင်ဖို့အတွက်

ရေဒီယိုနဲ့ ဓါတ်ပြားနဲ့

နီရိုးဘုရင်ရဲ့ ဗျပ်စောင်းသံနဲ့။

ရှုရှိုက်ဖို့အတွက်

ပင်လယ်လေနဲ့ ရက်ဗလွန်ရေမွှေးနဲ့

မသူတော် ၇ ပါးကိုယ်နံ့နဲ့။

စီးပွားရှာဖို့အတွက်

မတော်လောဘနဲ့ ချိန်ခွင်နဲ့

မာကင်တိုင် ၀ါဒနဲ့။

စစ်တိုက်ဖို့အတွက်

လက်နှက်နဲ့ သေနင်္ဂဗျူဟာကျမ်းနဲ့

နိုင်လိုမင်းထက် ၀ါဒနဲ့။

အပျင်းဖြေဖို့အတွက်

စီးကရက်နဲ့ အလေလိုက်စရာနဲ့

အမဲပစ် ရိုင်ဖယ်နဲ့။

ငါမှန်ကြောင်း၊ သူမှားကြောင်း

ပြောဖို့အတွက်

ပါးစပ်နဲ့ ကိုးကားစရာ စာအုပ်နဲ့

မိုးတစ်လုံး လေတစ်လုံး ဘ၀င်နဲ့။

ဖျားနာဖို့အတွက်

အထူးကုဆေးခန်းနဲ့ ရုပ်ခန္ဒာနဲ့

ကိုးဆယ့်ခြောက်ပါး ရောဂါနဲ့။

သေဆုံးဖို့အတွက်

သံသရာနဲ့ သချိုင်းနဲ့

(သေပြီးမှ) …

သတိရကြမယ့်လူတွေနဲ့။

ကျွန်တော်တို့မှာ

ဂေါတမဗုဒ္ဒရှတယ်

နစ်ရှေးရှိတယ်

မဟတ္တမဂန္ဒီရှိတယ်

စတာလင်ရှိတယ်။

မိုးဇက်ရှိတယ်

ဗာဂျီးနီးယားဝုဖ်ရှိတယ်

သောမတ်အယ်ဒီဆင်ရှိတယ်။

ဂျက်ဆင်ပိုးလော့ရှိတယ်

ဘက်တလတ်ရှိတယ်

ပီတာဝိုင်ယာရှိတယ်။

ဆစ်ဂမန်ဖရွိုက်ရှိတယ်။

ကိတ်ဝင်းဆလက်ရှိတယ်။

ဖူကူယားမားရှိတယ်။

ယူတူးက ဘိုနိုရှိတယ်။

စတီဖင်ဟော့ကင်းရှိတယ်

အိုစမာဘင်လာဒင်ရှိတယ်။

ကျွန်တော်တို့မှာ

တိရစ္ဆာန်ရုံရှိတယ်။

ဘေးမဲ့တောရှိတယ်။

ဂေါက်ကွင်းရှိတယ်။

အကျဉ်းထောင်ရှိတယ်။

စိပ်ပုတီးရှိတယ်။

ဆန့်ကျင်ဘက်လိင် ရှိတယ်။

စီးနေတဲ့မြစ်တွေရှိတယ်။

ပေါက်ကွဲမယ့် မီးတောင်ရှိတယ်။

ဗိုင်အိုလက်ပေါင်ဒါရှိတယ်။

အနူမြူဓါတ်ပေါင်းဖိုရှိတယ်။

သစ်ခွပန်းရောင်စုံရှိတယ်။

စားမရတဲ့သစ်သီးတွေရှိတယ်။

လကွယ်ည ရှိတယ်။

ကျေးပိုင် ကျွန်ပိုင်စံနစ်ရှိတယ်။

ချွေးနံ့ပျောက်ဆေးရှိတယ်။

ဒီလိုနဲ့

ခပ်တည်တည်နဲ့ပဲ

ကျွန်တော်တို့ဟာ

ဘယ်တော့ မိုးရွာမယ်ဆိုတာ

ကြိုတင်ပြောလို့။

ယုန်မြေမနင်းသားကို

ဓားနဲ့လှီးကာ

အရသာခံ ၀ါးလို့။

အလင်းနှစ်တစ်သန်းက ကြယ်ကို

နက္ခတ်ကြည့်မှန်ပြောင်းနဲ့ကြည့်လို့။

အပါယ်လေးဘုံကို

ဓါတ်လှေကား အလုအယက်ဆင်လို့။

ပုိတမ္ကင္သေဘာၤေပၚက အေၿမာက္သံကုိ

စပျစ်ဝိုင်စုတ်ရင်း နားထောင်လို့။

ဧဒင်ဥယျာဉ်ကို

မပုပ်သိုးအောင် ဖော်မလင် စိမ်လို့။

ထိုဝါဒ၊ ဟိုဝါဒတွေကို

ကိုယ်နဲ့တော်သလို အင်္ကျီချုပ်ဝတ်လို့။

ခပ်တည်တည်နဲ့ပဲ

ကျွန်တော်တို့ဟာ

စစ်ကြေညာလို့

စစ်ပြေငြိမ်းလို့

သစ်ပင်တွေကို ခုတ်လို့

သစ်ပင်တွေကိုစိုက်လို့၊

လက်ထပ်ကြလို့

ကွာရှင်းကြလို့၊

ခပ်တည်တည်နဲ့ပဲ

ကျွန်တော်တို့ဟာ

သရုပ်ဆောင်လို့

သရုပ်မဆောင်လို့၊

ရေကို စုန်လို့

ရေကို ဆန်လို့

တစ်ဝက်ကိုစားလို့

တစ်ဝက်ကိုထွေးလို့။

ခပ်တည်တည်နဲ့ပဲ

ကျွန်တော်တို့ဟာ

ငါးတွေကိုမျှားလို့

ငါးတွေကိုလွှတ်လို့၊

မှားတာတွေမှန်လို့

မှန်တာတွေမှားလို့၊

သေရမှာ ကြောက်လို့

သေရမှာမကြောက်လို့။

သမိုင်းနိဂုံးချူပ်ခဲ့ပြီ

ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်

ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့

မြစ်တစ်မြစ်ထဲကို နှစ်ခါပြန်မဆင်းနိုင်

စိတ်မလုံရင် တိတ္ထုံကြည့်

အိုဇုန်းလွှာကို ကယ်တင်ကြပါ

အားလုံးဟာ လိုင်ဘီဒိုညာဉ်မှာ အခြေခံတယ်

ငြိမ်းချမ်းရေးအတွက် စစ်လိုတယ်

ဘုရားသခင်ဟာ ကြွေအန်မကစားဘူး

စပါးတားကတ်ဆိုတာ ဘယ်သူလဲဟေ့

ဖြစ်တည်မှုဟာ အနှစ်သာရထက်ရှေးကျတယ်။

သင်…

နေထိုင်ဖို့ရာ

ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ရာ

ဒါမှမဟုတ်

မပျော်မရွှင် နေထိုင်ဖို့ရာ

ဘာမှ

မလိုပါ။

ဥပမာ၊

ဒီဝါကျတွေအစ၊ မလိုသလိုပေါ့။


သစ္စာနီ

ဟန်သစ်မဂ္ဂဇင်း နိုဝင်ဘာ ၂၀၀၄



6 comments:

  1. Great Poem !!!

    ကျေးဇူးပါ ဦးမိုးလှိုင်

    ReplyDelete
  2. သဘောကျနှစ်ခြိုက်စွာဖတ်သွားပါတယ်။ ဘ၀တွေများစွာကို ကဗျာထဲမှာ ရှာတွေ့သွားတယ်။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  3. မိုးလှိုင်ညရေ..
    သစ္စာနီကဗျာကောင်းတယ်ဗျာ..နင့်နင့်နဲနဲကို ခံစားသွားပါတယ်.. ကျေးဇူးပါပဲ..

    ReplyDelete
  4. ကဗျာကောင်းတစ်ပုဒ်ဖတ်ရတိုင်း..
    နားလည်မှုများစွာနဲ့ မျှဝေပေးတဲ့အတွက်
    ကျေးဇူးစကားဆိုပါသည် ... ကျေးဇူးဗျာ ။

    ReplyDelete
  5. မိုးလှိုင်ရေ..

    ကူသွားတယ်...
    ကဗျာကိုဖတ်နေရင်း..အသက်ရူအောင့်ထားမိတယ်..

    ကျေးဇူးတင်တယ်ဟာ...
    ဒီကဗျာကို ခုမှဖတ်ဖူးတာ..
    ဘယ်လိုကျော်ကျန်ခဲ့တယ် မသိ

    ဆက်သွယ်ရေးညံ့နေသေးတယ်..မိုးလှိုင်ရေ..
    ဒီစနေ တနင်္ဂနွေမှ ကောင်းအောင်လုပ်နိုင်တော့မှာ.
    မဟေသီတော့ရတယ်..
    ကဗျာစာအုပ်တွေမရသေး..

    ကျေးဇူး စက်ကန်းရောင်းတင်တယ်...

    ReplyDelete
  6. ကဗျာလေးက အတော်လေးကောင်းတယ်။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...