Wednesday, June 17, 2009

နောင်လာမယ့် နှစ်နှစ်ဆယ်

သေချာတာက ကမ္ဘာကြီးရှိရင်လည်နေဦးမှာပဲ
စကြာင်္ဝဠာထဲက အမှောင်တွင်းဆုံးကျနေတဲ့
ငါတို့ကလည်း ဘယ်ဘ၀ရောက်နေမှာလည်း
Web 2.0 ခေတ်က ဂန္တ၀င်ဖြစ်သွားပြီလား…
အာကာသတစ်ပိုင်းသွား
လျှပ်ပြေးယာဉ်ပေါ်မှာ မင်းယွန်းသစ်ကိုတွေ့လိုက်သေးတယ်…
လူလုပ်သစ်တောထဲမှာ လူလုပ်တဲ့သတ္တ၀ါတွေကို
မွေးမြူထားတယ်…
သဘာဝမကျတဲ့ သဘာဝတရားကို
ဈေးကြီးပေးကြည့်ရတယ်ဖန်လုံအိမ်ပြတိုက်တွေနဲ့
ကောင်းကင်ပေါ်မှာ လျှပ်ပြေးယာဉ်တွေ တိုက်တဲ့သတင်းက
နေ့စဉ်သတင်းတွေ၊
ဘယ်ရွေးကောက်ပွဲမှမရှိတော့ရင်ကောင်းမယ်
တစ်နှစ်တစ်ခါ မဲပေးရတာအချိန်ကုန်အလုပ်ရှုပ်
ကွန်မြူနစ်တော်လှန်းရေးနဲ့ အရင်းရှင်စနစ်တွေကို
သမိုင်းဖတ်စာအုပ်ထဲကထုတ်ထားလိုက်ကြပြီ
ဒီမိုကရေစီဆိုတာ…
နာမည်ကြီး ကော်ဖီဆိုင်…
လူတန်းစားတရပ်ပဲရှိတော့…
ဘုရားသခင်ကိုပါ ပင်စင်ပေးထားလိုက်ကြတယ်…။
ဂြိုလ်ဝါကြီးမှာ ခေါင်းမာကျန်ခဲ့တာ
ကဗျာဆရာတွေနဲ့ ပန်းချီဆရာတွေပဲ…
သူတို့ကို ပြန်လေ့လာဖို့..
အာကာသ၀တ်စုံနဲ့လူတွေ ပြန်ပြန်ရောက်လာတယ်…
သူတိုက ၀တ်စုံမချွတ်ပဲ မေးကြစမ်းကြနဲ့
ကမ္ဘာပေါ်က အောက်ဆီဂျင်ကိုသူတို့အဆုတ်က
လက်မခံနိုင်တော့ဘူး…
လိပ်ပြာတောင်ပံခတ်သံ သီအိုရီနဲ့ မြေကြီးကိုထိစမ်းရင်း
နှစ်နှစ်ဆယ်အတွင်း
အပြောင်းအလဲတွေဗြောင်းဆန်သွားခဲ့တယ်လို့
တချို့ကရေရွှတ်လို့…
တချို့ကတော့ ထုံးစံအတိုင်း အရက်ထဲရေရောမလား
ရေထဲကိုအရက်ရောမလား…
အနံ့ခံပိုက်နဲ့ ဗောဒကာပုလင်းကိုစမ်းသပ်နေလေရဲ့


မိုးလှိုင်ည

6 comments:

  1. အရက်ထဲ ရေခဲ အရင်ထည့်မယ်.. နှစ် ၂၀ ကဗျာကို ဖတ်လိုက်ပါတယ်...
    သူတော်

    ReplyDelete
  2. တပ်မတော်ရဲ့ နိုင်ငံတော်ဦးဆောင်မှု အခန်းကရော နောင်နှစ်နှစ်ဆယ်မှာ ဘယ်ရောက်သွားလဲ

    ReplyDelete
  3. လာဖတ်သွားတယ်.. တကယ်ကောင်းပါတယ်.. :)

    ReplyDelete
  4. ဦးလေးရေ လာဖတ်သွားတယ်ဗျာ..၊ နောင်နှစ်နှစ်ဆယ် အကြာမှာ ၀ါဝါကျင်ကျင် စာမျက်နှာ ဟောင်းတွေ ပေါ်က လူတွေ ဖြစ်မလား.. နောက်မျိုးဆက်တွေ အတွက် လမ်းခင်းပေးတဲ့ သူတွေ ဖြစ်မလား မသိဘူးနော်.. ဒါပေမယ့် သေချာ တာတော့ ကျွန်တော်တို့တွေ တခုခုတော့ မသေခင် ချန်ရစ် ထားခဲ့ နိုင်မှာပါ..။

    ReplyDelete
  5. နောင်အနှစ် (၂ဝ)...

    သေချာတာကတော့ မိုးလှိုင်ညတစ်ယောက်
    တကယ့် "ဦးလေး" ဖြစ်နေမှာပါပဲ :P

    သူများတဲ့မတူတဲ့ နောင်အနှစ် (၂ဝ)ကို ဖတ်သွားပါတယ်
    ဦးဦးမိုးလှိုင်ည

    ReplyDelete
  6. အရက်ထဲပဲ ရေရော
    ရေထဲပဲ အရက်ရောရော
    နောင်နှစ်နှင်ဆယ် မှာ အရက်တစ်ပုလင်း
    တစ်သန်းပေးရမယ်ထင်တယ်။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...