Saturday, May 23, 2009

ရွံတယ်...


စိတ်သွားတိုင်း ကိုယ်မပါတဲ့ဘ၀တစ်ခု
စွန့်လွှတ်တယ်ဆိုတာကို ပြောရင်း
သားသမီးရေး၊ စီးပွားရေးတွက်
တွန့်ဆုတ်တဲ့ စိတ်ဓာတ်တွေကို
ရွံတယ်...။

ပြေးရင်းလွှားရင်း အဝေးကနေ
လေဖမ်းဒါန်းစီး အာလူးစားသူများကို
ရွံတယ်...။

မိအေး နှစ်ခါနာသလို
အခါခါနာရင်း
နာရာမှာ သာယာလာတဲ့စိတ်တွေကို
ရွံတယ်...။

ကိုယ့်ခေါင်း ကိုယ်လွတ်
ကိုယ်လွတ် တိမ်းရှောင်
ကျယ်လောင် အော်ဟစ်
တဗျစ်ဗျစ်ထွေးတတ်တဲ့
ကွမ်းသွေး ပါးစပ်တွေကို
ရွံတယ်...။

လက်ညှိုးညွှန်ရာ ရေဖြစ်
ရေယာဉ်ပေါ်မှာနေ
ကုန်းမြင်သမျှ လက်ညှိုးလိုက်ထိုးနေသူတွေကို
ရွံတယ်...။

မုဆိုးမသွားရာ
လိုက်ရွာတတ်တဲ့
သဲသဲ မဲမဲ မုန်တိုင်းမိုးကို
ရွံတယ်...။

ခေါင်းဆောင်ဆိုပြီး
ခေါင်းဆောင်မှုမပေးနိုင်တဲ့
ခေါင်းမာသူတွေကို
ရွံတယ်...။

ဘာပြောမလဲ..
ရွံတယ်...

ထွီ....
ငါ့ကို ငါလည်း ရွံတယ်...။

ဇေသန်း

1 comment:

  1. ထွီ... ရွံတယ်

    ထွီ.. ကိုယ့်ကိုယ်ကိုလည်း ရွံတယ်

    ဆောရီးမိုးလှိုင်.. ဘလော့မှာ တံထွေးတွေပေကုန်ပြီ

    ကဗျာထဲကအတိုင်း ရွံလို့း)

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...