Tuesday, May 5, 2009

အမြင့်ကြိုက်သူ

ငါဟာ အမြင့်ကြိုက်သူတစ်ယောက်ပဲ
တိုက်ခန်းတွဲ အမြင့်ကြီးတွေ
မျှော်စင်ကြီးတွေ
ရေစင်ခပ်မြင့်မြင့်ကြီးတွေ
ငါတက်ခဲ့တယ်…။
အမြင့်ကြီးကနေ လွင်ပြင်ကျယ်ကြီးတွေ
မြို့တွေ၊ ရွာတွေ
ကမ်းနားတွေ၊ ဘုရားစေတီတွေ
ကောက်ကွေ့တဲ့ မြစ်တွေကို
ငေးနေရတာကို
ငါစိတ်ဝင်စားတယ်…
စိတ်လွတ်ကိုယ်လွတ်
အမြင့်ပေါ်ကနေခုန်ချရတာကိုလည်း
ငါကြိုက်နှစ်သက်တယ်…
အကြိမ်ကြိမ်ခုန်ချဖို့ကြိုးစားပြီး
အကြိမ်ကြိမ်မအောင်မြင်ခဲ့တာလည်းငါပဲ..။
ဘ၀အခြေနိမ့်ပါနေလည်း
စိတ်ဘ၀င်လေးတော့ ခပ်မြင့်မြင့်ထားတတ်သူ
အခု ၂၁ရာစု အ၀င်အ၀မှာ
ဆိုင်ဘာကဖေးတစ်ခုကို
တံမြက်စည်းလှည်းရင်း
ပါရီမြို့အခင်းအကျင်းကို
ပြန်ပြင်ဆင်ခဲ့ချင်ရဲ့…။


မိုးလှိုင်ည

4 comments:

  1. "ဘ၀အခြေနိမ့်ပါနေလည်း
    စိတ်ဘ၀င်လေးတော့ ခပ်မြင့်မြင့်ထားတတ်သူ
    အခု ၂၁ရာစု အ၀င်အ၀မှာ
    ဆိုင်ဘာကဖေးတစ်ခုကို"

    GooD IdeaA....
    ကောင်းပါတယ် ... ဘယ်ဘ၀ရောက်ရောက် ... ရောက်တဲ့နေရာမှာ ကြိုးစားတာဟာကောင်းတာပေါ့...
    မျှဝေပေးဖို.လည်းမမေ့ပါနှင့်
    ခုန်ချဖို.မလိုပါဘူး ၊ ကိုယ်မြင်ရတဲ့ အမြင့်တစ်နေရာက အမြင်တွေကို ဟိုး .......... အောက်ခြေက အမြင့်ဆို တာ ဘာမှန်းမသိတဲ့ ၊ တက်ချင်ပေမယ့် လှေကား မရှိတဲ့ တက်ရကောင်းမှန်းမသိတဲ့ သူတွေကို ဝေမျှပေးပါ ၊ ထိရောက်အောင် ၊ သိလာအောင် ၊ သူတို.ရင်ထဲထိရောက်အောင် ပြေပြမျှဝေပေးပါ ၊ အမြင့်ထိရောက်အောင်တက်နိုင်သူတစ်ယောက်မှာ ဒီအရည်အချင်းတွေ ရှိမယ်လို. ယုံကြည်ပါတယ်...
    လေးစားစွာဖြင့်

    ReplyDelete
  2. “အမြင့်ပေါ်ကနေခုန်ချရတာကိုလည်း
    ငါကြိုက်နှစ်သက်တယ်…
    အကြိမ်ကြိမ်ခုန်ချဖို့ကြိုးစားပြီး
    အကြိမ်ကြိမ်မအောင်မြင်ခဲ့တာလည်းငါပဲ..။”

    ကျွန်မလည်း ဒီလိုသဘောမျိုးကဗျာတွေ ရေးဖူးခဲ့...နောက်လည်းရေးဦးမှာ။
    ဒါပေမယ့် တကယ်ကျတော့ ဘဝမှာ ပျော်ရွှင်။
    ဒါက ခဏပါနော်။
    အမြဲ ပျော်ရွှင်နိုင်ပါစေ။

    ReplyDelete
  3. စိတ်လွတ် လက်လွတ် ခုန်ချလိုက်မိပါတယ် ဗျာ ...။

    ReplyDelete
  4. ဆိုက်ဘာကဖေးတစ်ခုမှာ
    သန့်ရှင်းရေးလုပ်ရင်း
    စိတ်ကူးထဲမှာတော့..
    အီဖယ်လ်မျှော်စင်ကြီးကို
    လှမ်းငေးနေမိတယ်:)

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...