Thursday, April 30, 2009
နည်းပြဆရာ
တစ်ဘက်သားကို
နှိပ်စက်ဖို့ဆို ခင်ဗျားသိပ်ကိုသန်မာတယ်..
အဖိုးကြီး…
ကျွန်တော်တို့က အိပ်ရေးမ၀သေးဘူး
ခင်ဗျားက ၀ီစီသံပေးနေပြီ
တန်းစီနောက်ကျရင်လည်း
ဖက်ထိပ်ကပေးဦးမယ်…
မနက်ခင်းကိုလူးလဲထ
အိပ်ချင်မူးတူးနဲ့ ပါတ်ပြေးရမယ့်ကွင်းကို
ကဆုန်စိုင်းဆင်းလာရတယ်
တစ်နေ့တစ်နေ့ ဒီကွင်းကြီးပါတ်ပြေးရုံနဲ့
ဘယ်သူ ဆုဖလားလာပေးမလဲ…
ကျွန်တော်တို့က စီးကရက်လေးဖွာလိုက်
ပါတီပွဲလေးတက်လိုက်
ကျွန်တော်က တိုက်စစ်မှုးဗျလို့
ကောင်မလေးတွေကြားထဲ
အရသာခံပြောချင်နေတာ…
မှော်ဝင်တဲ့ကန်ချက်တွေနဲ့
သက္ကရ်ဇ်တွေထဲ ဂိုးသွင်းထားခဲ့ချင်တာ…
ကွင်းထဲမှာ ခင်ဗျားအော်ငေါက်နေတဲ့ကြားက
ဘယ်အချိန် လက်မထောင်ပြမလဲ
အဲဒါအရေးကြီးဆုံးပဲ…
နောက်ဆုံး အောင်ပွဲမှာ
ကျွန်တော်တို့ ခင်းဗျားဆီကိုပြေးချလာတယ်
အဖိုးကြီး ခင်ဗျားရဲ့ ရှားရှားပါးပါးအပြုံး
ကျုပ်တို့တစ်ဘ၀လုံးမှာ အရိုးသားဆုံးပဲ
နောက်တစ်နေ့မနက်
ခင်ဗျားရဲ့ ၀ီစီသံဟာ
ကျုပ်တို့ကို ပြန်ပေးဆွဲတုန်းပဲ…
ဒါပေမယ့် အဖိုးကြီး
ခင်ဗျားကို ကျွန်တော်တို့ မမုန်းတော့ဘူး…
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူတို့အဆုတ်၊ ထားခဲ့မြုပ်သည့် ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို ရွာသား ရွာသူ၊ မေးကြမြူသည် အူအူယမ်းငွေ့ထတုန်းတည်း။ အမောင်...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူ့ကိုကြည့်ပြန်တော့လဲ အဲဒီကကို မတက်တော့ဘူး ကိုယ်ရပ်နေသလိုလို သူသွားနေသလိုလို၊ မဟုတ်ဘူး ဘယ်သူမှ မသွားဘူး ဘယ်သူမှမရပ်ဘူး သွားတယ်ရပ်တယ်ဆိုတ...
တစ်နေ့တစ်နေ့ ဒီကွင်းကြီးပါတ်ပြေးရုံနဲ့
ReplyDeleteဘယ်သူ ဆုဖလားလာပေးမလဲ…
ကျွန်တော်တို့က စီးကရက်လေးဖွာလိုက်
ပါတီပွဲလေးတက်လိုက်
ကျွန်တော်က တိုက်စစ်မှုးဗျလို့
ကောင်မလေးတွေကြားထဲ
အရသာခံပြောချင်နေတာ…
ကောင်းလိုက်တာ.. ဒီစာသားလေးတွေက
အခုလက်ရှိ အခြေအနေနဲ့ တစ်ထပ်တည်းပဲ
နှစ်တွေလည်း ၁နှစ် ၂ နှစ် အထိမ်းအမှတ်ပြုရင်းနဲ့
အိုမင်းရင့်ရော် ကုန်တော့မယ်း)
တစ်ဘက်သားကို
ReplyDeleteနှိပ်စက်ဖို့ဆို ခင်ဗျားသိပ်ကိုသန်မာတယ်..
အဖိုးကြီး…
ကျွန်တော်တို့က အိပ်ရေးမ၀သေးဘူး
အဲဒါချည်းပဲလည်း..အဓိပါယ် ဖွင့်ကြည့်မိတယ်.။
သိပ်ကောင်းတဲ့ အတွေးအရေးတွေပါ..
ကဗျာဆရာရေ....။
If you run as much as you can,
ReplyDeletethe sweat will poured down the ground.
lost energy, got strength.
If you not run,
the trainer punished you fatigue.
You will sweat again.
It is the duty of trainer.
Bino
ကဗျာလေးက ကောင်းလိုက်တာ။ ဖတ်ဖတ်ချင်း အဖိုးကြီးဆိုတာတွေ့လိုက်တော့ ထုံးစံအတိုင်း ဟိုထင်ဒီထင် ထင်လိုက်မိသေးတယ်။
ReplyDelete