Saturday, April 25, 2009

နာကျင်ခဲ့ရတဲ့ နာရီလက်တံ


ဘ၀ဟာ
နာရီလက်တံထဲမှာပဲ
အကုသိုလ်တရားဟာလည်း
နာရီလက်တံထဲမှာပဲ
နာရီလက်တံထဲက သစ်တော်သီးတွေ
အခုတော့ရင့်မှည့်ကုန်ပြီ
နာရီလက်တံထဲက စိတ္တဇတွေ
အခုတော့ ရူးသွပ်သွားကြပြီး
နာရီလက်တံထဲက ဒွိဟဖြစ်မှုတွေ
အခုတော့ သေဒဏ်ကျခဲ့ပြီ
နာရီဟာ
နာရီလက်တံထဲမှာ ပျော်ဝင်လို့
ပင်လယ်ဟာ
နာရီလက်တံထဲမှာ ဘောင်ဘင်ခတ်လို့
နာရီလက်တံထဲမှာ
စစ်ပွဲတွေဖြစ်ပွားပြီး
နာရီလက်တံထဲမှာ
အပစ်အခတ်ရပ်စဲတယ်
နာရီလက်တံဟာ
သူကိုယ်သူ အကျဉ်းချလို့
နာရီလက်တံဟာ
သူကိုယ်သူလွတ်မြောက်ခွင့်ပေးလို့
နာရီလက်တံဟာ
ရွေးကောက်ပွဲဝင်ပြိုင်တယ်
နာရီလက်တံဟာ အယူဝါဒတွေကိုရုတ်သိမ်းတယ်
ဂရင်းနစ်စံတော်ချိန်ကို
အယုံအကြည်မရှိကြောင်းအဆိုတင်သွင်းချိန်မှာ
နာရီလက်တံဟာ နာကျင်လို့နေခဲ့တယ်….။

မိုးလှိုင်ည

1 comment:

  1. နာ၇ီလက်တံဟာ သမိုင်းကို သယ်ဆောင်လို့ပေါ့ နော်။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...