Thursday, April 23, 2009

နွေဦးကပွင့်ထွက်တော့မယ်


နွေဦးကပွင့်ထွက်တော့မယ်

မိုးပြေးလေးတစ်ပြိုက်နှစ်ပြိုက်မှာ
ပိတောက်တွေ
ကတိုက်ကရိုက်ထပွင့်သလိုမျိုး

အမြန်ယာဉ်တစ်စီးရဲ့
ဝန်ခံအားဘီးတွေပွင့်ထွက်သလိုမျိုး

မနက်မိုးလင်းတော့
ဘာလင်တံတိုင်းကြီးပြိုကျသလိုမျိုး
မနက်မိုးလင်းတော့
စီးပွာပျက်ကပ်ဆိုက်ပြီးနေပြီတဲ့

ပါဆယ်ဗုံးထဲမှာ
နွေဦးကိုထည့်ပြီးလက်ဆောင်ပေးသလို
နွေဦးကထထပွင့်တယ်…

ပရမ်းပတာလွင့်စင်ထွက်လာတဲ့
နွေဦးအစအနတွေက
ငါတို့ရင်ဘတ်ကို လာလာမှန်တယ်

တချို့ကနွေဦးကို
ဝါယာကြိုးတွေနဲ့ပူးချည်တယ်

တချို့က့ နွေဦးကို
ဖန်ကြိုးမျှင်ထဲထည့်ပြီး
ဒေတာဘေ့စ်တွေပြောင်းလဲပစ်တယ်

တချို့ကနွေဦးကို
ကွန်ဆာဗေးတစ်သမားဆိုပြီးကန့်ကွက်နေတယ်

တချို့ကနွေဦးကို
ပိုစ့်မော်ဒန်သမားဆိုပြီးရှုံ့ချနေတယ်

တစ်ခါတစ်လေတော့ နွေဦးလည်း
ရပ်တ်ပါလိုဝတ်ချင်ဝတ်မှာပေါ့…

တစ်ခါတစ်လေတော့ နွေဦးက
ပန့်ရောစ့်ဆိုချင်ဆိုမှာပေါ့…

အခုနွေဦးက
ငါတို့ဆီကိုပွင့်ထွက်လာပြီ…

နွေဦးက ကတိုက်ကရိုက်နဲ့
ခေါင်းလည်းမဖြီးခဲ့ရသေးဘူး
သူက အကြမ်းဖက်သမားတွေကိုလည်း
ကျောခိုင်းထားခဲ့ရတယ်တဲ့…
မုန်တိုင်းနဲ့ ငလျင်တွေကိုလည်း
ဖျောင်းဖျထားခဲ့ရတယ်…
အလုပ်လက်မဲ့ ပြဿနာကိုလည်း
သေချာမကိုင်တွယ်ရသေးဘူး….

သူအခု
ကော်ဖီသောက်နေတယ်
စီးကရက်ဖွာနေတယ်
ကဗျာရွတ်သံကိုနားစိုက်ထောင်နေတယ်
သူအခု ပွင့်ထွက်တော့မယ်…
နွေဦးဆိုတာက ခင်ဗျားကိုယ်တိုင်ပဲလေ… ။

မိုးလှိုင်ည

(သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၂)

3 comments:

  1. ကျုပ်တို့ကိုယ်တိုင်က နွေဦးလားဗျ... ဒါဆို ခဏလောက် ပွင့်ထွက်ကြည့်ဦးမယ်...။ ပို့စ်မော်ဒန်ကျရင်ကျမယ်... ရပ်တ်ပါလို ဝတ်ချင်ဝတ်လိုက်မယ်... တစ်ဝိုင်းတည်အတူထိုင်ရင်း ပေါ့ပေါ့ပါးပါး ရယ်သွမ်းသွေးလိုက်ကြအောင်...

    ပျော်ရွှင်ပါစေ ကိုမိုးလှိုင်ည...

    ReplyDelete
  2. ဂရင်းနစ်စံတော်ချိန်ကို
    အယုံအကြည်မရှိကြောင်းအဆိုတင်သွင်းချိန်မှာ
    နာရီလက်တံဟာ နာကျင်လို့နေခဲ့တယ်….။

    ဘာကိုယုံရမလဲ....
    ဘယ်အရာဟာ..ယုံကြည်သင့်သလဲ...
    ယုံကြည်ချက်တွေကို..ယုံကြည်ဖို့ခက်နေခဲ့
    အားလုံးဟာ...သံသယနဲ့တောက်ပနေတဲ့ ရောင်ပြန်တွေချည်းပေါ့...

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...