Saturday, April 11, 2009

အယ်ဒီတာမမ


မင်းမသိတာနဲ့ပဲ
အနန္တသူရိယက နာမည်မကြီးရတော့ဘူးလား
မင်းမသိတာနဲ့ပဲ
ဝန်ကြီးပဒေဿရာဇာကို
ဘယ်ဌာနကလဲ မမေးပါနဲ့
မင်းမသိတာနဲ့ပဲ
အချုပ်တန်းဆရာဖေကို
ကလောင်သစ်လားလို့ မမေးပါနဲ့
ဇော်ဂျီရဲ့ကဗျာတွေကို
ဆရာမတဂိုးလောက် မကြိုက်ဘူး
သိပ်မလေးနက်လို့ဆိုပဲ....
မင်းဒေါက်မြင့်ဖိနပ်ကြောင့်
ဖနောင့်သားတွေ နာနေပုံရတယ်
မျက်မှန်ကို ခဏခဏပင့်တင်မနေပါနဲ့
ပါးလွှာပြီးတောက်ပတဲ့ မင်းနှုတ်ခမ်းက
အသည်းအသန် နမ်းရှိုက်လိုက်ဖို့ပဲကောင်းတယ်
ရှင့်ကဗျာကို စင်တင်ကလောင်ထဲ ထည့်ပေးလိုက်မယ်...
အင်း...လုပ်ပါ
ဂလက်ဆီတစ်ခုလုံး အကျော်ကြားဆုံးကောင်ကို
ကမ္ဘာထဲကမင်းမသိတော့
ငါ ရည်းစားစကားပြောချင်စိတ်ကို
မနည်းထိမ်းပြီးပြန်လာခဲ့ရတယ်....။

မိုးလှိုင်ည

13 comments:

  1. ဖတ်ပြီးပြီးချင်း ပြုံးလို့ မဆုံး သဘောကျနေမိတယ်...း)

    ReplyDelete
  2. မိုက်တယ် ကိုမိုးလှိုင်. :) တစ်ပြုံးပြုံးနဲ့ ဖတ်သွားတယ်. ဟဲဟဲ

    ReplyDelete
  3. စိတ်ထိန်းပါ.... ကောင်းလိုက်တဲ့ ကဗျာ

    ReplyDelete
  4. မီး လွှတ်မြင့် တဲ့ မမ ပဲ။ သဘောကျလိုက်တာ။
    ဆရာမ တဂိုးနဲ့ ရေးဖော်ရေးဖက် ထင်ပါရဲ့..:D

    ReplyDelete
  5. ကဗျာလေး သဘောကျတယ်။း)

    ReplyDelete
  6. တော်လိုက်တဲ့ အယ်ဒီတာမမနော်။ မတဂိုးဆိုပဲ။ ဟိ။

    ReplyDelete
  7. အင်း... သည် အယ်ဒီတာမမကတော့ စာရေးဆရာမကြီးမြသန်းတင့်ကိုလည်း သိပုံမရပါဘူးလေ ...း)

    ReplyDelete
  8. ကဗျာလေးကို သဘောကျသဗျာ။ ကျွန်တော်လည်း ရည်းစားစကား ပြောပစ်ချင်စိတ်ပေါက်သွားတယ်။ ပြီးတော့ အနန္တ သူရိယ ထင်ပါတယ်။ စာလုံးပေါင်းလေး လွဲနေသလားလို့ ပါ။

    ReplyDelete
  9. ကွန်နက်ရှင်း သိပ်ဆိုးလို့ပါ လုလင်ငယ်သွေးရယ်။ သည်းခံပေးပါရှင်...
    တခါတခါ တစ်ချို့စာလုံးမျိုးတွေက တင်နေတုန်း မမြင်ရဘူးကွယ့် ဥပမာ ရေးချ ပိုနေတာမျိုးတွေပေါ့ နော်
    မင့်ကဗျာတွေကတော့ အရင်လို ထိတုန်း မိတုန်းဘဲကွ
    အစား မှန်မှန်စား၊ အစာအိမ်လည်း ဂရုစိုက် ငါ့မောင်လေး...

    ချစ်ခင်လျှက်

    ReplyDelete
  10. ပြောချင်ရင် ပြောပစ်လိုက်လေ.. ဘာလို့ ဒီတိုင်း ပြန်လာခဲ့ရတာလဲ.. ညံ့ပ :P

    ReplyDelete
  11. ခိုက်တယ်ကွယ်...ရေရေလည်လည်
    ဒါနဲ့ အယ်ဒီတာမမက ကိုက်စားချင်လောက်အောင်
    မိုက်လား မိုက်လား မိုက်လား

    ReplyDelete
  12. ကိုမိုးလှိုင်ညရေ - အကောင်းဆုံးတွေထဲက အကောင်းဆုံး တစ်ပုဒ်ပါပဲဗျာ။ ရာထူးပဲရှိပြီး ရာထူးနဲ့ ထိုက်တန်တဲ့ အရည်အသွေးရှားပါးနေတဲ့ ရပ်ဝန်းတစ်ခုကို ကျွန်တော်မြင်ယောင်မိတယ်။ အဲဒီမှာ ကဗျာထဲက အယ်ဒီတာမမလိုလူတွေ မှိုလိုပေါက်နေတယ်လေ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...