Thursday, February 19, 2009

ကော်ပီ…paste



တွေ့သားပဲ

ဖော်ဝပ်မေးတွေထဲမှာ

ထင်ယောင်ထင်မှားနဲ့

စာသား၊ အသံ နဲ့ စုတ်ချက်

နာမည်တပ်မထားနဲ့ ကကြီး၊ ခခွေးကို

ဘယ်သူမှမူပိုင်မပေးဘူးတဲ့…

ဦးနှောက်က

အပေါစား တစ်လုံးလောက်ကိုပဲ

စပေ့ခ်ျကျယ်ကျယ်လိုအပ်တယ်

Database တွေကို ကော်ပီ…paste ဖို့

Search Engine ထဲမှာ

အနုပညာလို့ရိုက်မရှာနဲ့

ဖန်းကြိုးမျှင်ထဲကို

အလကားပဲတင်းလွှတ်တင်လိုက်တဲ့ကဗျာ

ကလောင်နာမည်ပြောင်းသွားရှာတယ်

ကောင်းကင် ကို ကောင်းကင်

နောက်ဆုံးဗားရှင်းက

ကင်းကောင်ကိုယ်လို့ထွက်မယ်…


ကော်ပီ…paste တတ်ရင်

အနုပညာရပြီ

ကော်ပီ…paste တတ်ရင်

ဘွဲ့လက်မှတ်ရပြီ

ကော်ပီ…paste တတ်ရင်

လက်ခုပ်သံအတုရပြီ

ဘာလိုချင်လည်း

ကော်ပီ…paste တစ်ခုသာသင်တဲ့


မိုးလှိုင်ည


မှတ်ချက် ။ ။ ပုံနဲ့စာသားများကို ကော်ပီ…paste ဖြင့်ရေးဖွဲ့ထားပါသည်

12 comments:

  1. ကော်ပီ…paste တတ်ရင်
    အနုပညာရပြီ
    ကော်ပီ…paste တတ်ရင်
    ဘွဲ့လက်မှတ်ရပြီ
    ကော်ပီ…paste တတ်ရင်
    လက်ခုပ်သံအတုရပြီ

    ကျွန်တော်လည်း ကော်ပီ ပေ့စ် လုပ်သွားတယ်..
    ခေတ်ကြီးက copy paste လား..

    ReplyDelete
  2. ကဗျာလာဖတ်ပါတယ်ဗျာ :)
    (ခင်ဗျားကဗျာကို ကွန်ပျူတာထဲ့ ရော ရင်ဘတ်ထဲပါ ကော်ပီပေ့စ် လုပ်သွားတယ်)

    ReplyDelete
  3. ရှားရှားပါးပါး ကိုမိုးလှိုင်ကဗျာတပုဒ်ပဲ
    ဒီလိုပုံတွေနဲ့။

း)

    ReplyDelete
  4. ကိုမိုးလှိုင်..င်္ဒီကဗျာကတော့ ပုံစံတစ်မျိုးလေး မိုက်တယ်း) ကဗျာဆရာရဲ့ ကော်ဖီခါးခါးတစ်ခွက်ပေါ့ ။

    ReplyDelete
  5. ပုံစံတစ်မျိုးနဲ့ ခေတ်၏ဖြစ်ပျက်မှုအချို့ကို ဖော်ကျူးထားသော ကဗျာကောင်းတစ်ပုဒ် :)

    ReplyDelete
  6. တချို့ကျတော့လဲ ရင်ထဲကအချစ်တွေကို ကော်ပီ...paste နဲ့ ပွားယူကြတယ်
    ကဗျာထဲမှာ အဲဒီတစ်ခု ထပ်ဖြည့်လိုက် သိလား..:P

    ReplyDelete
  7. Search Engine ထဲမှာ
    အနုပညာလို့ရိုက်မရှာနဲ့
    ဖန်းကြိုးမျှင်ထဲကို
    အလကားပဲတင်းလွှတ်တင်လိုက်တဲ့ကဗျာ
    ကလောင်နာမည်ပြောင်းသွားရှာတယ်

    ကွက်ကွက်ကွင်းကွင်းပဲဗျာ... လက်ခုပ်တီးအားပေးသွားတယ် (ကိုမိုးလှိုင်အတွက်တော့ လက်ခုပ်သံအတုမဟုတ်ပါဘူးဗျာ :) )

    ReplyDelete
  8. Idea လေး ကောင်းလွန်းတယ်ဗျာ။ နေ့စဉ်လုပ်နေရလို့ သတိမထားမိတော့တဲ့ copy - paste ပါပဲ။

    ReplyDelete
  9. ဖော်ဝပ်မေးထဲ ကဗျာအစပ်တွေက
    ကလောင်ဟောင်းကိုပြောင်း
    ဘဝသစ်ဆီရောင်းစားလို့
    လုပ်ရက်ပေတဲ့ ကော်ပီ paste

    ဖော်ဝပ်မေးထဲမှာ ဝတ္ထုတို ဆောင်းပါတို
    ယိုယိုပေါက်ကျ စာသားမပြောင်း ကလောင်သာပြောင်း
    အခုခေတ်ရဲ့ ကော်ပီpaste

    ဟဟ အကိုရေ ကော်ပီ paste တွေများလှပါပြီး
    ခင်တဲ့

    ReplyDelete
  10. အေး.. ရှေ့ကလူတွေ ပြောတဲ့ အတိုင်းပဲကွာ .. :)
    (copy paste)

    ReplyDelete
  11. copy - paste မလုပ်ပဲနဲ့ ရင်ဘတ်တွေ တူနေတာ အတွက် ၀မ်းသာ အားရ ဖြစ်မိပါရဲ့ ညီရေ့...

    ReplyDelete
  12. ကဗျာလေး မိုက်တယ်ညီရ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...