Sunday, February 8, 2009

အထီးကျန် ၀ံပုလွေ

အရာရာဟာ တိတ်တဆိတ်ကြေကွဲနေတယ်
မနက်ဖြန်မှာ စစ်ပြင်သံတွေအစုံအလင်နဲ့
ဘ၀ဆိုတာ ကကြိုးဆင်မောင်းနေတဲ့
မြင်းရထားဟောင်းကြီးတစ်စင်းမဟုတ်ပါ…
အိပ်ရေးပျက်ခဲတဲ့မျက်ဝန်းတစ်စုံနဲ့တော့
အနာဂါတ်ကိုရှာဖွေမတွေ့ရှိလိုဘူး…
ခပ်ဝေးဝေးကတိမ်တွေလို
ငါ့အိပ်မက်တွေက ဖြူဖတ်ဖြူရော်နဲ့
ဖန်ကြိုးမျှင်ထဲက မြန်နှုန်းမြင့်စီးဆင်းလာတဲ့
ချစ်ခြင်းမေတ္တာ
ငါ့မော်နီတာဖန်သားပြင်ပေါ်မှာ
အေးစက်စက်လာပေါ်တယ်…
သေချာတဲ့စကားက
မစခင်ကတည်းကမှားခဲ့ကြတယ်…
လေပြည်ထဲပါးလျသွားရတဲ့ ရနံ့တချို့လိုပဲ
ရိုးရိုးသားသားချစ်ခဲ့တယ်ဆိုတဲ့အရသာကို
အနံ့ခံလို့တောင်မရတော့ဘူး…။


မိုးလှိုင်ည

4 comments:

  1. မစခင်ကတည်းကမှားခဲ့ကြတယ် ။ ရိုးရိုးသားသားချစ်ခဲ့တယ်ဆိုတဲ့အရသာ အနံ့ ခံလို့ တောင် မရတော့ဘူး ။ လှတယ်ဗျာ အဲဒီစာသားလေးတွေ ။ ကြိုက်တယ် ။

    ReplyDelete
  2. ဘ၀ဆိုတာ ကကြိုးဆင်မောင်းနေတဲ့
    မြင်းရထားဟောင်းကြီးတစ်စင်းမဟုတ်ပါ…

    ဟုတ်တယ် အကို... မဟုတ်ဘူး... :):D

    ReplyDelete
  3. ကဗျာလာဖတ်ပါတယ်ဗျာ :)

    ReplyDelete
  4. ကဗျာကောင်းတွေဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးပါ...

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...