Thursday, February 26, 2009

ခင်ဗျားမဖတ်ခင်ရေးလိုက်တဲ့ ကဗျာ

တံခါးခေါက်သံတွေ မကြားရတာကိုက

ဘ၀အဓိပ္ပာယ်လို

လူကြီးရေ…

ညကတော့ခြေသံမှန်မှန်နဲ့လမ်းလျှောက်လာနေတယ်

နောက်ကျောကအမှောင်ထုမှာ

အလင်းရောင်ပျပျရှိမနေပါ…

စားပွဲပေါ်မှာ ထွန်းလက်စဖယောင်းတိုင်နဲ့

ထွန်းလက်စစိတ်ကူး…

ခင်ဗျားတူးတဲ့သတ္တုမှာအရူးအိပ်မက်တွေသယ်မလာနဲ့

အဲဒီနေ့က အတန်းမတက်ဖူးလို့

မင်းခွန်းလွှာတွေကို ငြင်းဆိုလို့မရဘူး

မှတ်ပုံတင်ပြပါ..

ဗီဇာပါသလား

ချက်လက်မှတ်

ရှိုးမန်းနီး

အင်ကမ်းရိတ်

တိတ်တိတ်နေတော့

ငါဒီမှာကဗျာရေးလို့မရဘူး

မင်းရေသန့်နဲ့သောက်လည်း

အရက်ကမသန့်ဘူး…

စိတ်မသန့်ရင်တော့စိတ်နဲ့ပဲဆေး

ဒီညမှာမအိပ်ပဲဖြတ်သန်းဖို့

ပါရီကျဆုံးခန်းရယ်

အာဆင်းနစ်ပါတဲ့ကော်ဖီတစ်ခွက်

ဒါပဲလိုအပ်တယ်

မိုးလှိုင်ည

7 comments:

  1. ဒီညမှာမအိပ်ပဲဖြတ်သန်းဖို့ ပါရီကျဆုံးခန်းရယ်
    အာဆင်းနစ်ပါတဲ့ကော်ဖီခွက်ရယ် ....
    ဒါပဲလိုအပ်တယ် ....

    ကဗျာကောင်းတယ်ဗျာ ....

    ReplyDelete
  2. တိတ်တိတ်နေတော့ ငါဒီမှာကဗျာရေးလို့မရဘူး မင်းရေသန့်နဲ့သောက်လည်း အရက်ကမသန့်ဘူး… စိတ်မသန့်ရင်တော့စိတ်နဲ့ပဲဆေး

    ကိုမိုးလှိုင်ရေ... ကဗျာကောင်းလေးဗျာ

    ReplyDelete
  3. ဒီညကို မအိပ်ဘဲ ဖြတ်သန်းဖို့ စီးကရက် တစ်လိပ်လောက်ရော မလိုဘူးလား ကဗျာဆရာရေ:P

    ReplyDelete
  4. ကဗျာလာဖတ်သွားတယ်ညီရေ။ ဖြစ်နိုင်မယ်ဆိုရင်တော့ မရေးခင် ဖတ်ချင်တာ။

    ReplyDelete
  5. စားပွဲပေါ်မှာ ထွန်းလက်စဖယောင်းတိုင်နဲ့

    ထွန်းလက်စစိတ်ကူး…

    ခင်ဗျားတူးတဲ့သတ္တုမှာအရူးအိပ်မက်တွေသယ်မလာနဲ့

    ဆိုတဲ့ စာသားလေး ကောင်းတယ်။ ကူးလက်စစိတ်ကူး ဆိုရင် ပိုကောင်းသွားမယ်နဲ့ တူတယ်။ ကျွန်တော် ကူး ထည့်ပြီးရွတ်တာ ပိုကောင်းသွားသလိုပဲ။ အကြံပေးကြည့်တာပါ။ စိတ်မရှိပါနဲ့ ။ ခင်မင်လေးစားလျက်။

    ReplyDelete
  6. စာသားတွေ ကြိုက်တယ်ဗျာ ။ ဆန်းသစ်တယ် ။ အားပါတယ် ။ ကဗျာကောင်းတွေ အတွက် ကျေးဇူးဗျ ။း)

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...