Saturday, January 24, 2009

အညော်

ဘ၀က
ပရိုမိုးရှင်းကာလထဲရောက်နေတယ်
ငါတို့အားလုံးဈေးကျလို့
တစ်ယောက်ယောက်က
မသတ်ဘဲထားခဲ့တဲ့မီးကြောင့်
နှလုံးသားကိုယ်စီ
လောင်ကျွမ်းလို့
စစ်ပွဲသတင်းပါတဲ့
ကဗျာတစ်ပုဒ်
ငြိမ်းချမ်းရေးကို
အနူမြူဓါတ်ပေါင်းဖိုက ထုတ်လုပ်တယ်
ကောင်မလေးဆုတ်ဖြဲခဲ့တဲ့
ညနေခင်းကို
ငါနဲ့မောင်လွင်ပြင်ကငေးလို့...။


မိုးလှိုင်ည

4 comments:

  1. ကိုမိုးလှိုင်ရေ
    ကဗျာလာဖတ်တယ်ဗျ

    အညော်တွေကလဲ တနေ့တနေ့
    ပိုပိုများလာပါပေါ့ဗျာ

    ReplyDelete
  2. ဟုတ်ပ.. တကယ့် ပရိုမိုးရှင်းကာလ...။
    မီးမသတ်ဘဲ ထားခဲ့တဲ့သူတွေကိုတော့ တည်ဆဲဥပဒေအရ အရေးယူပစ်မယ် :P

    ReplyDelete
  3. ပရိုမိုးရှင်းကာလ ပြီးသွားရင်တော့ ဒစ်စကောင့်တွေ မရတော့ဘူးပေါ့။

    ကဗျာရှုထောင့်လေးကို သဘောကျတယ်။

    ငြိမ်းချမ်းရေးကို အနုမြူဓာတ်ပေါင်းဖိုက ထုတ်လုပ်နေတာတော့ မတတ်တော့နိုင်ဘူး။ :(

    ReplyDelete
  4. ကဗျာကို စကားလုံးပြာင်မြောက်စွာ တွေးပြီး ရေးထားတာလေး ကြိုက်တယ် အစ်ကို ...

    ဆက်လက်ရေးဖွဲ့နိုင်ပါစေ

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...