Wednesday, January 14, 2009

စစ်ပွဲကို ခဏရပ်ပါ

`အို ဂျေရုရှလင်သားတို့

သင်တို့၏

ကလေးငယ်တို့အတွက်စိုးရိမ်ပူပန်လင့်ကုန်လော့´

ခရစ်တော်

ခဏလေးရပ်တန့်ကြည့်ပါ

အသက်ပေါင်းများစွာသက်သာရာရပါလိမ့်မယ်။

တုံ့ပြန်မယ်ဆိုတဲ့ ရန်ကြွေးက

နှလုံးသွေးတွေကိုဆူပွက်စေလိမ့်မယ်။

ကောင်းကင်မှာက မီးခိုးလုံး

မြေပြင်မှာက အပျက်အစီးပုံ

လေထုထဲမှာက သွေးညှီနံ့နဲ့

ယမ်းညော်နံ့

စစ်ပွဲဟာ ငရဲဘုံကို ဂါဇာအထိကိုလှမ်းခေါ်ရဲ့

စစ်ပွဲကိုခဏရပ်လိုက်ပါ…

အသက်ရှင်လျှက်လူတွေကိုအသက်ရှုဖို့အတွက်

စစ်ပွဲကိုခဏရပ်လိုက်ပါ

သေဆုံးခဲ့သူတွေအတွက်ငိုကြွေးဖို့အတွက်

စစ်ပွဲကို ခဏရပ်ပေးပါ

ကလေးငယ်လေးတွေကျောင်းပြန်တက်ဖို့

စစ်ပွဲကို ခဏရပ်ပေးပါ

သက်ကြီးရွယ်အိုတွေကို ဘေးလွတ်ရာပို့ဖို့

စစ်ပွဲကို ခဏရပ်ပေးပါ

မိန်းမတွေကို ရွေ့ပြောင်းပေးဖို့

စစ်ပွဲကို အမြဲရပ်လိုက်ပါတော့

ဘာသာတရားပေါင်းစုံရဲ့

ငရဲဘုံတံခါးမကြီးတွေကိုပိတ်ပြစ်ဖို့အတွက်။

မိုးလှိုင်ည

7 comments:

  1. ဒီကဗျာဆရာရဲ့ ကဗျာကိုဖတ်ဖို့အတွက်
    စစ်ပွဲနဲ့ အချိန်ကို ရပ်ထားပေးပါ

    ဒီကဗျာဆရာ ကဗျာတွေ ရေးဖို့အတွက်
    ဖေဖော်ဝါရီကို ခဏရပ်ထားပေးပါ

    ကောင်းလိုက်တဲ့ ကဗျာ
    ခဏလောက် ရပ်ထားပေးပါ

    ReplyDelete
  2. အင်တာနက်ကနေ ဦးမိုးလှိုင်ဆီလာလည်ဖို့
    စစ်ပွဲတွေကို ခဏရပ်ပေးပါ :)

    ဦးဆိုးသွမ်း

    ReplyDelete
  3. ကိုမိုးလှိုင်ည ရေ .. ကျွန်တော်ကြိုက်လို့ ပြန်တင်စုဆောင်းလိုက်ပါပြီဗျာ

    ReplyDelete
  4. စစ်ပွဲကို ခဏရပ်ပါ.....
    လူတွေသတ်တဲ့ပွဲ .. အပြီးရပ်သွားရင်ပိုကောင်းပါတယ်....
    စိတ်မဆိုးပါနဲ့ ရှင်.. ကူးသွားပါတယ်..
    ခွင့်ပြုပါနော်........

    ReplyDelete
  5. ကဗျာလေး ဖတ်သွားတယ်ညီ။ လူတွေ ဒီနေ့ ခေတ်ကြီး အထိ မယဉ်ကျေးကြသေးပါလားး-(

    ReplyDelete
  6. အမုန်းတရားနဲ့အတူ စစ်ပွဲတွေကို မြေမြှုပ်သင့်နေပါပြီ...

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...