Wednesday, December 17, 2008

နှစ်သစ်ကူး ခေါင်းလောင်းသံ

ငယ်စဉ်က အဖြစ်အပျက်ပါ

နှစ်သစ်မှာ

ဖိနပ်အသစ်စီးတယ်

သီချင်းအသစ်နားထောင်တယ်

စိတ်သစ်လူသစ်နဲ့

လောကသစ်ကြီးဆီကို သွားမယ်ပေါ့။


ခုအရွယ်ရလာတော့

နှစ်သစ်မှာ

ဖိနပ်အသစ်လည်း မစီးဖြစ်

စိတ်လည်းမသစ် လူလည်းမသစ်

နားထောင်ရတဲ့ သီချင်းတွေကလည်းမသစ်


လောကသစ်ဆီကို ဘယ်လိုသွားရမယ်မသိ။


ဒီဇင်ဘာ ဒိုင်ယာရီတွေ ပြန်ဖတ်မိတော့

ဒီဇင်ဘာမှာပဲ

ပီကာဆို ကြွေခဲ့တယ်

ချာလီချက်ပလင် ကြွေခဲ့တယ်

ဂျွန်လင်နွန် ကြွေခဲ့တယ်

စွဲလန်းမိတဲ့ ဆေးဖက်ဝင် ပန်းပွင်လေးကြွေခဲ့တယ်။


နှစ်သစ်ကူးမှာ

သူငယ်ချင်းနဲ့ နည်းနည်းပါးပါးမူးမိတယ်

မကြိုက်သော်လည်း မထူးဇာတ်ကို ဆက်ကမယ်

လူလူချင်း စာနာတဲ့ အနွေးငွေ့နဲ့

အေးစက်စက်နေ့တွေကို အန်တုမယ်

အသက်ဆက်ရှင်ဖို့

သင်တန်းလေး ဘာလေးတက်ရမယ်။


ဇန်န၀ါရီဆီရောက်ဖို့ရာ

ဒီဇင်ဘာကို ကျော်ဖြတ်ရမှာ

အစဉ်အလာပဲလေ


သေကွဲရှင်ကွဲတွေနဲ့ ကမ္ဘာမှာ

ကြေကွဲစွာ နှစ်သစ်ကူးလိုက်ပါတော့မယ်။


ကြည်မောင်သန်း

၂၀၀၂၊ ဇန်န၀ါရီ၊ မဟေသီ

ကဗျာ၁၀၀နှင့် ကဗျာဆရာကွယ်လွန်ခြင်းစာအုပ်မှ

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...