Saturday, December 6, 2008

ဒီဇင်ဘာ…

ဒီဇင်ဘာ…

အခုတော့
ငါ့ ဒီဇင်ဘာမှာ မင်းနာမည်ပါလာပြီ…စနေ
ခဏခဏ မေ့လျော့တတ်တဲ့ငါ့အတွက်
ဒိုင်ယာရီစာအုပ်ထဲက
ဒီဇင်ဘာရှစ် ရက်ဆွဲထဲမှာ မင်းနာမည်ထည့်သွင်းလို့
ဒီဇင်ဘာရေ…
ငါ့စနေမလေးဆီကို
ဘ၀ပျော်ရွှင်ခြင်းတွေအပြည့်သယ်ဆောင်သွားပေးပါ…
ဒီဇင်ဘာရေ
လမ်းတွေပေါ်နှင်းတွေရွာကျသလို
ဘ၀ရဲ့အေးချမ်းငြိမ်သက်ခြင်းတွေ
ငါ့စနေမလေးဆီကျရောက်ပါစေ…
ဒီဇင်ဘာရေ
မင်းရဲ့မနက်ခင်းနေခြည်တွေက
သွေးကြောတွေနွေးထွေးစေသလို
ငါ့စနေမလေးဆီကို
နွေးထွေးတဲ့မေတာတရားတွေအစဉ်အမြဲပေးအပ်ပါ။

3 comments:

  1. ဒီဇင်ဘာ...စနေ.....ကိုမိုးလှိုင်

    ဆန္ဒတွေပြည့်ဝပါစေလို့ ဆုတောင်းပေးတယ်ဗျာ။

    ဆိုးသွမ်း

    ReplyDelete
  2. ကဗျာလေးက မိုက်တယ် အကိုကြီးရှင်။ ဆန္ဒတွေပြည့်ဝပါစေ။

    ReplyDelete
  3. ဟေး...

    မွေးနေ့ မရောက်သေးဘူး
    မွေးနေ့ကဗျာကိတ်မုန့်ကို ကဗျာဆရာက အဆင်သင့် ဖုတ်ပြီးပြီ..
    ကျေးဇူးပါနော်..
    ဒီဇင်ဘာရယ်.. စနေရယ်.. ဒီတောင်းဆုတွေရယ်ကြောင့်ွ ကျေးဇူးတင်ပါတယ်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...