Sunday, November 23, 2008

မနှစ်ကရက်စွဲတွေနဲ့ဒီနေ့

မိုးလင်းတာနဲ့
ဘတ်စ်ကားတွေနောက်ကို အမှီလိုက်ရတယ်
ခေတ်ကြီးက အရှိန်အဟုန်နဲ့စီးဆင်းလို့


လမ်းတွေမှာ ချိုင့်ခွက်တွေပိုများလာသလို
ခေတ်ကာလ ကလည်းအဖုအထစ်တွေနဲ့ပဲ


ဆယ်မိနစ်တစ်စီးဆိုပေမယ့်
တွန်းတွန်းတိုက်တိုက်ဆန္ဒတွေက
စက္ကန့်မလပ်…


စီအန်ဂျီ ဂတ်စ်အိုးအပူက
ရင်ထဲကိုလာလာဟပ်တယ်
ဘယ်သူကများ ငါတို့ကိုစစ်ကြေငြာထားတာလည်း
အခြေအနေက ပေါက်ကွယ်လွယ်တဲ့ဒေါသအိုးတွေ


ဒီကနေ့ဆောင်ပုဒ်က
ရိုးသားလို့မဖြစ်တော့ဘူးတဲ့
ကလေးတွေတောင်အော်ဟစ်နေပြီ


လူတွေကျပ်တယ်လမ်းတွေကျပ်တယ်
အောက်ဆီဂျင်ငတ်လို့ အကုန်လုံးအသက်ရှုကျပ်တယ်
ဓါတ်ဆီဈေးကျလို့ ဘတ်စ်ကားခဈေးမကျတဲ့မြို့မှာ
ငါ့ကိုယ်ငါ မီတာမတပ်ပဲမောင်းတယ်…


တစ်နာရီသုံးမိုင်နှုန်းနဲ့
ကီလိုမီတာတစ်သောင်းသွားဖို့
ဆယ်စုနှစ်တွေကိုဖင်ခုထိုင်ထားတုန်းလေ…။


မိုးလှိုင်ည

5 comments:

  1. မိုးလှိုင်ညရေ ပြက္ခဒိန်တွေ ရွေ့မယ့်နှစ်တွေကို မျှော်လင့်နေဆဲ။

    ReplyDelete
  2. အပေါ်က အစ်မကြီးပြောတဲ့အတိုင်းဘဲ :P

    ReplyDelete
  3. အင်းနော်
    တစ်နာရီကို
ု မိုင်တစ်ရာနူန်းနဲ့သွားချင်ပေမဲ့
    မျှော်လင့်ချက်နဲ့
    အသက်ရှင်နေရတဲ့
    ပုထုဇဉ်လူသားတစ်ယောက်ရဲ့ဘ၀ကို
    မကျေမနပ်
    ရန်ထောင်ရမလားပဲနော် ကိုမိုးလှိုင်ည

    ReplyDelete
  4. အပေါ်က ၃ ယောက်ပြောသွားတဲ့
    အတိုင်းပဲ :D

    ဆိုးသွမ်း

    ReplyDelete
  5. ခေတ်ကို ဖော်ကျူးထားတဲ့ ကဗျာလေး ကောင်းတယ် ညီလေးရေ။ ကလေးတွေ အော်ဟစ်တဲ့ အပိုဒ်ကိုတော့ စိတ်အထိခိုက်ဆုံးပဲ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...