Thursday, November 20, 2008

ပြက္ခဒိန်

`ဘာမှတော့မဟုတ်ပါဘူး နေ့စွဲသက်သက်ပါ´

ပြီးပြီးရောဝါကျတွေနဲ့ ဖွဲ့ရစ်ခဲ့တာသိသိကြီးနဲ့

တစ်ဘ၀စာပစ်ဝင်လိုက်မိတဲ့ သတ်ကွင်းပါ

မျော်လင့်ခြင်းယောင်ဆောင်ထားတဲ့ ငါးမျှားချိတ်တွေတလှုပ်လှုပ်ဆာမွတ်ကြ

ဟောဒီမှာ…….

ငါ ရှင်သန်မှုကိုဖွင့်ထုတ်လိုက်တဲ့အသံ

အမြဲစိမ်းညတွေရဲ့ အသံ

ငါ့ကိုယ်ငါရောင်းတဲ့ပွဲမှာဗလာမဲမပါဘူး ချစ်သူမရဲ့

မင်းယုံ။

တစ်ကယ်တော့ဘာမှမဟုတ်ပါဘူး

ပြီးပြီးရောဝါကျတွေနဲ့ ဖွဲ့ထားရစ်ခဲ့တဲ့

`နေ့စွဲ´ သက်သက်ပါ။


လူငြိမ်းခိုင်

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...