Friday, October 31, 2008

ကျိန်စာများ


ကောင်းကင်ရဲ့

ရင်ညွှန့်တွေဟာ ဒဏ်ရာနဲ့ညွတ်နေခဲ့

ရာသီတွေလွှဲချော်ခဲ့တယ်

မခေါ်ပဲလာခဲ့တဲ့ မုန်းတိုင်းတွေနဲ့

အခင်းအကျင်းကိုက ဝေဒနာဆန်တယ်

မသေချင်သေးဘူးလား

ဆူးခက်နဲ့ မနက်ခင်းတွေမှာ

ထူးစရာ နာမည်တစ်ခုနဲ့

မထူးခြားတဲ့ဘ၀တစ်ခု….

သက္ကရ်ဇ်တွေခြစားတာထက်

သမိုင်းကို ဖွတ်တက်တာပိုဆိုးတယ်

မငိုနဲ့အမေ…

ဝဠ်နာကံနာအရ ပေးဆပ်လိုက်ရတာ

သံသရာ ကိုလက်ကျန်အကြွေးကုန်အောင်လို့

ဒီဘ၀ ကျိန်စာကိုပဲခုံခုံမင်မင်စုံမက်မိခဲ့တယ်

မိုးလှိုင်ည

2 comments:

  1. ကဗျာလေး ခံစားသွားတယ် ညီလေးရေ။

    ReplyDelete
  2. လူတွေအားလုံးဟာ တစ်ယောက်တစ်မျိုးစီ ကျိန်စာသင့်နေကြတာပါပဲ ကိုမိုးလှိုင်ရယ်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...