Monday, September 1, 2008

ချိုးငှက်များ

ကိုက်ချီသွားတဲ့… အလွမ်းကို

စစ်ပွဲကို ကျောခိုင်းသွားတဲ့ လူငယ်လို

နာကျင်မှုကလွဲပြီး

စစ်ပွဲဟာ ငါတို့ကို ဘာမှမပေးဘူး….

သေချာတဲ့သေခြင်းကို

ဆောင်ယူသွားနိုင်သူတွေက

အောင်မြင်ကြတယ်ပေါ့….

ကျန်ရစ်ခဲ့ရသူတွေက

ငြိမ်းချမ်းရေးကိုတည်ဆောက်ရင်း

နောက်ထပ်စစ်ပွဲတစ်ခုကို ထပ်စောင့်ကြတယ်။

မိုးလှိုင်ည

4 comments:

  1. အပြာရောင်နေ့ရက်တို့ လောကကို စိုးမိုးဖို့
    တစ်နေရာတစ်ထောင့်က စွမ်းသလောက်စုပြီး
    ကမ္ဘာကိုအသစ်ပြင်မယ် အိပ်မက်ဆဲပါပဲ.....

    အဲဒါ ဆုဝေကြိုက်တဲ့ သီချင်းတစ်ပုဒ်က စာသားလေးပါ
    စစ်ပွဲတွေပြီးတော့ ကမ္ဘာမြေကြီး ငြိမ်းချမ်းရေးပေါ့ ...

    အဲဒီငြိမ်းချမ်းရေးဆိုတာကိုက တိုက်ယူရမယ့် စစ်ပွဲတစ်ခုပဲထင်ပါရဲ့...

    ReplyDelete
  2. White thy fambles,red thy gan
    And thy quarrons dainty is.
    Couch a hogshead with me then.
    In the darkmans clip and kiss.
    pg:59 Ulysses (James Joyce)

    ReplyDelete
  3. ချိုးငှက်များ ကဗျာလဲ ကြိုက်တယ်။ zwel's commentရဲ့ James Joyce လဲ ကြိုက်တယ်။ ငြိမ်းချမ်းရေး သီချင်းဆိုချင်လှပြီဗျာ။

    ReplyDelete
  4. ကိုမိုးလှိုင်ညရေ...
    ဒီကဗျာတော်တော်ကြိုက်တယ်ဗျာ....
    ခံစားလို့ ရတယ်။
    ကဗျာသစ်တွေ ထပ်တင်ပါဦး..။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...