Sunday, August 24, 2008

မနက်ဖြန်များကိုကျောခိုင်းခြင်း

အိပ်မက်တွေပုံအပ်ပြီး

ဘ၀ဆိုတာချည်းကို

တစ်ယောက်တစ်ဝက်ချစ်ခဲ့တာပဲ

ကောင်မလေးရယ်…


အရှုံးအမြတ်တွက်ဖို့ချည်းပဲလား

အစကတည်းက

နှလုံးသားတစ်စုံကလွဲလို့

ငါ့အရင်းအနှီးကမစုံလင်ဘူး…


စွန့်စားမှုများတဲ့

အနုပညာကိုမှ

ငါရင်ခုန်မူးခဲ့တာ…

အခု ကမ္ဘာကြီးကလည်းလမ်းပျောက်

ငါကလည်း

မနက်ဖြန်အထိမရောက်ချင်တော့ဘူး


တိတ်တဆိတ်

ကိုယ့်ဈာပနကိုယ်ပြန်ချရသလို

နောက်ကျပြီးရောက်လာတဲ့

ကြေးစည်သံမှာ

သံဝေဂတရားရှာဖို့

ငါ့အကြားအာရုံဟာဆွံ့အနေခဲ့ပြီ….

မိုးလှိုင်ည

3 comments:

  1. ချစ်တတ်တဲ့ နှလုံးသားတစ်စုံရှိရင်
    ဘ၀ကိုရင်ဆိုင်နိုင်ဖို့ သတ္တိတွေပြည့်နေပြီလို့ပြောရင်
    ကဗျာဆရာတွေ အတွေးတွေကိုက ဂေါက်ကြောင်ကြောင်လို့ လူတွေပြောကြမလား.....

    ReplyDelete
  2. မနက်ဖြန်တွေကို ကျောခိုင်းလိုက်ရုံနဲ့ ရင်ထဲက ဒဏ်ရာတွေ သက်သာသွားမယ်ဆိုရင်တော့ ဆုဝေလဲ ဒီနေ့မှာပဲ သေဆုံးပစ်လိုက်တော့မယ် ကိုမိုးလှိုင်ရေ … မဖြစ်နိုင်မှန်း သိနေလွန်းလို့သာ ဒဏ်ရာရနှလုံးသားတစ်စုံကို အပြုံးတွေနဲ့ ဖုံးကွယ်ပြီး နေ့သစ်တွေကို ကြိုဆိုနေရတာပေါ့ … အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...