Saturday, August 16, 2008

သူ့မှာတမ်း

သူတို့အဆုတ်၊ ထားခဲ့မြုပ်သည့်

ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို

ရွာသား ရွာသူ၊ မေးကြမြူသည်

အူအူယမ်းငွေ့ထတုန်းတည်း။


အမောင်ပြောက်ကျား၊ ချစ်သူအားကို

ဘာများ မှာခဲ့ လိုသနည်း။


ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို

ခွင့်လွှတ်ခဲ့ကြောင်း၊ ပြောပါလေ။


အမောင်ပြောက်ကျား၊ မိဖအားကို

ဘာများ မှာခဲ့ လိုသနည်း။


မွေးသည့်မိခင်၊ မွေးဖခင်ကို

ဦးတင်ခဲ့ကြောင်း ပြေပါလေ။


အမောင်ပြောက်ကျား၊ တိုင်ပြည်အားကို

ဘာများ မှာခဲ့ လိုသနည်း။


ခရီးမက်တတ်၊ လမ်းခုလတ်တွင်

ကိုယ်လွတ် ရှောင်ခွာ၊ ခွဲရပါ၍

အားနာခဲ့ကြောင်း ပြောပါလေ။


ယမ်းငွေ့အူအူ၊ တလူလူနှင့်

မေးမြူကြတုန်း၊ အနောက်ကုန်းတွင်း

နေလုံးကွယ်လေ ပြီတကား။


မင်းသုဝဏ်

1 comment:

  1. ကျွန်တော် ငယ်ငယ်လေး ကတည်းက အလွတ်ရနေတဲ့ ကဗျာလေးပါဗျာ။ သိပ်ကောင်းပါတယ်။ ဘယ်မှာပြန်ဖတ်ရမလဲ ရှာနေတုန်း ကိုမိုးလှိုင်ညဆီမှာ လာတွေ့တော့ တော်တော်လေး ဝမ်းသာသွားတယ်။ ကျေးဇူးပါ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...