Thursday, August 14, 2008

ပန်းဆိုးတန်းကိုရောက်ရင်…(တစ်ခါတစ်လေ)


တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

ပလက်ဖောင်းပေါ်က

ဒိန်ချဉ်ဆိုင်လေးမှာ ထိုင်မယ်

ပုဆိုးဆိုင်က ကောင်မလေးကိုငေးမယ်…


တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

အေးရှားပလာဇာပေါ်က

ဆရာတင်မောင်ကြည်ကို သွားခေါ်မယ်

ပြီးရင်

လပ်ကီးဖလားဝါးမှာ လက်ဖက်ရည်သောက်မယ်…


တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

ရုပ်ရှင်ရုံအဟောင်းကြီးကနေ

စာသင်ကျောင်းဖြစ်သွားတဲ့

( အခုတော့ ခုနစ်ထပ်ကျောင်းဆောင်ဖြစ်နေတဲ့ )

ငါ့မူလတန်းကျောင်းလေးအောက်ကို သွားမယ်

ငယ်ဘ၀က ဆရာ၊ဆရာမတွေမရှိတော့ပေမယ့်

သူတို့ရဲ့ကျေးဇူးကိုအောက်မေ့

ဆင်ခြင်ဖို့လေ…

တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

ဆရာမြေလတ်ဆီ ကဗျာဝင်ပေးမယ်…


တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

ပန်နိုရာမားဟိုတယ်ဘေးက

ဘီယာဆိုင်မှာဝင်သောက်ရင်း

ကိုသူရနဲ့ အကြောက်အကန်ငြင်းခဲ့တာကို

အမှတ်ရရင်း

သူ့အတွက်ပါ ပိုသောက်ခဲ့မယ်…


တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

ဂုံးကျော်တံတားကြီးပေါ်ကိုတက်

ဘုရား၊ သိမ်ကျောင်း၊ ဇရပ်နဲ့

စာသင်ခဲ့တဲ့နေ့စွဲတွေကို ပြန်ဖတ်ဖို့

ဆိုးဆိုးပေပေ ငါ့ကျောင်းသားဘ၀ကို

ထိန်းသိမ်းပေးခဲ့တဲ့

၃၇ လမ်းပေါ်က အထက်တန်းကျောင်းအိုလေးကို

ငေးမယ်…


တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

လားရှိုး king မှာ ၀င်ထိုင်

ကြက်ပေါက်စီနဲ့ ကော်ဖီမစ်မှာပြီး

စပိတ်တစ်နဲ့ ထထရှိုးတတ်တဲ့

ဖေဖော်ဝါရီနဲ့တိုးမှာ

စိုးရိမ်မိသေးတယ်…


တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

အရင်ကပန်းဆိုးတန်းကို ပြန်ပြန်လွမ်းလို့

ငါက ပန်းဆိုးတန်းပေါ်လျှောက်ရင်း

ပန်းဆိုးတန်းက ငါ့ဘ၀ပေါ်လျှောက်လို့…။

မိုးလှိုင်ည

3 comments:

  1. ပြန်လာရင် ဒီတောသမကို ပန်းဆိုးတန်း လိုက်ပို့ပါ..

    ပန်းဆိုးတန်းက စာအုပ်ပုံဟောင်းတွေ ကြားမှာ တူတူပုန်းတမ်း ဆော့ရအောင် ဟီး...

    ရန်ကုန်ကို ရောက်ဖူးတာ ၅ခါ..
    ရှေ့နောက် တောင်မြောက်ကို မခွဲတတ်တာ ဒီတောသမပေါ့

    ReplyDelete
  2. ဒီကဗျာလေးကို ဖတ်ရတော့ တခါတုန်းက သမီးရဲ့ ကျောင်းသူဘ၀လေးကို သတိရမိတယ်...။ ဒီလိုပါပဲ
    တခါတလေ
    ဘုရားလမ်း (ပဲခူး--ရွှေမော်ဓောဘုရား)ကိုရောက်ရင်
    ပလက်ဖောင်းဖေါ်က
    ဒိန်ချဉ်ဆိုင်လေးမှာထိုင်တယ်
    င်္ဟသာကုန်းက သူငယ်ချင်းတွေ အလာကိုစောင့်တယ်
    ပြီးရင် ဘုရားဖူးပြီး ရွှေင်္ဟသာရုပ်ရှင်ရုံကြီးမှာ
    သူငယ်ချင်းတွေ တပျော်တပါးကြီး ရုပ်ရှင်ဝင်ကြည့်ခဲ့ဖူးတယ်။

    ဒီကဗျာလေးကို ဖတ်ရတော့ သမီးရဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေ သတိရလိုက် အရမ်းပဲ..။
    ဒီကဗျာလေးကို ဖတ်ရတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်ရှင်...။
    လေးစားလျက်---သမီးငယ်

    ReplyDelete
  3. Hey, I also miss the Pansoden and Bago. I also miss the Bago ladies who rode the bicycle in the former time but ride the China-made- motorcycle right now.
    I wanna eat MarLarOo Bu Thee Kyaw.

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...