Sunday, June 29, 2008

ငါ့ကိုမိုးက မရွာဘူး


လမ်းမပေါ်မှာ တံလျှပ်တွေထောင်းထောင်းထ
ငါခုန်ချလို့မရဘူး ကောင်မလေးရယ်
အခုတော့ ငါမျှော်တဲ့မိုးက
ငါ့ကို မရွာတော့ဘူး....
တစ်ညလုံး မှောင်မိုက်နေတဲ့အခန်းထဲ
ငါကိုယ်တိုင်ထွန်းညှိထားတဲ့ အလွမ်းတွေ
လမ်းမတွေကို အထီးကျန်စိတ်နဲ့ တွန်းရွှေ့
မင်းနေတဲ့ မြို့ပြဆီ
မနက်ခြောက်နာရီနေ၀န်းနဲ့ ဆိုက်ကပ်တာတောင်
လက်ပြနှုတ်ဆက်သူမဲ့နေလို့
အသားလွတ်မာကျောနေတဲ့
ပလက်ဖောင်းတွေကိုပဲ မိတ်ဆွေဖွဲ့ခဲ့ရတယ်...။
မိုး....က
ငါ့ရာသီနဲ့ ဝေးကွာဆဲ....။

မိုးလှိုင်ည

1 comment:

  1. အကို ဒီကဗျာကို တအားကြိုက်တယ်ဗျာ။ ကျစ်ကျစ်လျစ်လျစ်နဲ့အပိုအလိုမရှိ ဒီလိုမျိုးရေးတတ်ချင်တယ်။
    အောက်ကကဗျာလေးလဲ ညီဖတ်ဖူးတယ်။ အကို့ကဗျာနဲပခေါင်းစဉ်ပေးပုံလေးနဲနဲဆင်နေတယ်။ ကဗျာကတော့ အလှတမျိုးစီနဲ့ တင့်တယ်နေတယ်ဗျာ။ အကိုတို့ကဗျာတွေဟာ ညီအတွက်တော့ ၀မ်းစာတွေပါပဲ။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :) :)


    "ငါ့ကိုမိုးမရွာဘူး"
    မောင်ဗိုလ်လူ(မုံရွာ)

    သစ်ပင်တွေ ဂနာမငြိမ်ဘူး
    လောဘ တဟူးဟူးနဲ့
    လွင့်လာတဲ့ လူတွေ
    တချို့....အရက်ဆိုင်နဲ့ ငြိနေကြ
    တချို့တော့ လက်ဖက်ရည်ဆိုင်ထဲ လှိမ့်ပါသွား
    အမှိုက်တွေက
    ဟိုး...ခပ်မြင့်မြင့် ဥာဏ်နီဥာဏ်နက်ထဲမှာ။

    အလန့်တကြား ဟွန်းသံတွေ ပြိုဆင်းလာခဲ့
    လမ်းမပေါ် ကားတွေ၊ ဆိုင်ကယ်တွေ အရှိန်ပြင်းပြင်းရွာချ
    ပိုက်ဆံတွေ သည်းသည်းမှာ
    အတော်များများ မျက်လုံးတွေ ချော်လဲကုန်ကြရဲ့။

    ဟောသလောက် တဂျိမ်းဂျိမ်းမှာ
    စိတ်တွေစွေခဲ့
    ငါ့ကို မိုးက မရွာဘူး။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...