Tuesday, May 27, 2008

ကြယ်

အတောက်ပဆုံးလား

အလောင်ကျွမ်းဆုံးပဲလား…

ကြယ်ရယ်….။

ရင်ခုန်သံလေဖိအားနည်းအရပ်မှ

ဘယ်လိုသယံဇာတတွေနဲ့

ကျွမ်းလောင်နေရတာလည်း…

ကိုယ့်အမှောင်ကိုယ်ပြန်လင်းရင်း

နှလုံးသားရဲ့ငြင်းဆိုခြင်းတွေ

ခဏခဏလွင့်စင်ကျလာတဲ့

ဥက္ကပျံအပိုင်းအစတွေလို

ငိုနေတဲ့ဆုတောင်းတွေတိတ်တဆိတ်

ပျော်ရွှင်မှုဟာ

ဘုရားသခင်ကိုကျောခိုင်းထားတယ်….။

မိုးလှိုင်ည

2 comments:

  1. အကိုမိုးလှိုင်ရေ ကဗျာအသစ်ဖတ်သွားတယ်ဗျ။ ဟိုတခါက ရေးလို့မရ၊ ဒီတခါကျ ရေးလို့ရ တအားပျော်တယ်ဗျ။ အားလုံးအဆင်ပြေပါစေ :) ပျော်ရွှင်ပါစေ :)

    ReplyDelete
  2. `ပျော်ရွှင်မှုက ဘုရားသခင်ကို
    ကျောခိုင်းထားသတဲ့လား ….´
    `ပျော်ရွှင်မှုက ဒို့ပြည်သူတွေကို
    ကျောခိုင်းထားလေသလား `လို့တွေး ကြည့်မိတယ်……..
    ကဗျာဆရာရဲ့ အတွေးတွေနဲ့တလွဲဖြစ်သွားလေသလားမသိ……………။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...