Tuesday, April 29, 2008

ဖေဖော်ဝါရီတမ်းချင်း(၂)

မေ့လျော့ခံနေတဲ့

ရွက်ဆုတ်ပြက္ခဒိန်တစ်ထပ်လိုပဲ

ငါ့ စိတ်က အတိတ်မှာသိပ်သိပ်သည်းသည်း

မနက်ခင်းဟာ

သြဂုတ်စ် (၂၁)အေဒီ ၂၀၀၃ လို့

ဘာကြောင့်ဖြစ်နေရတာလည်း


ဘယ်တော့မှမသောက်ဖြစ်တဲ့

ပြင်သစ်ကော်ဖီတစ်ခွက်ကို

ကတ္တရာလမ်းနဲ့ရိုက်ခွဲတယ်…

ကျိုးကျေသွားရတာက ငါကိုယ်တိုင်…


မနက်အစောကြီး မူးနေတဲ့လူလို

ငါ့ကို ကားမှတ်တိုင်ကလူတွေက

လှမ်းကြည့်တယ်…..

မင်းကတော့အမှတ်ရမှာမဟုတ်ဘူး

ဒါ အင်္ဂါနေ့လေ ပန်ဆိုးတန်းကားမှတ်တိုင်မှာ

ငါ မနက်ခုနစ်နာရီတည်းက ထိုင်နေတာ

အခု ၁၀ နာရီထိုးဖို့ ၁၀ မိနစ်

ငါ့ရင်ထဲမှာ အချစ်မရှိတော့ဘူး

ငါတော်တော် ညစ်နေပြီ…။


အခုအေဒီ ၂၀၀၈

ငါစီးကရက်မသောက်ဖြစ်တော့ဘူး

ငါ့ကို ဆေးလိပ်သောက်တာမတားတဲ့

တစ်ယောက်တည်းသော မိန်းမ

များများသောက် မြန်မြန်သေ

လောကကြီးမှာ နင်ရှိနေလည်းအပိုပဲလို့

အားပေးတတ်တာလည်း

မင်းပဲရှိတယ် ဖေဖော်ဝါရီ…


`ချစ်တယ်´

အရက်သမားဟာ

ပြင်းသထက်ပြင်း ခါးသထက်ခါးတဲ့

အရက်ကိုတပ်မက်သလို…

ငါတစ်ဘ၀လုံး ပူပြင်းလျှတတဲ့

ဒဏ်ရာတွေကို လက်ဆောင်ပေးခဲ့တဲ့

မင်း နဲ့ ချစ်ခြင်းကို

သံသရာတစ်ကွေ့ချိုးမှာ ထပ်တွေ့လိုပါသေးတယ်…။


ချစ်တယ် ဖေဖော်ဝါရီ

အထပ်ထပ်ဖွဲ့ဆိုဖို့ ငါ့ရင်ဘတ်ထဲမှာ အမှတ်ရစရာတွေ

ရှိနေသေးတယ်….

မိုးလှိုင်ည

1 comment:

  1. ဒီကဗျာဆရာကတော့လေ မေလရောက်ခါနီး မိုးတွေရွာနေတာတောင် ဖေဖော်ဝါရီနတ်သမီးကို တမ်းတနေတုန်းပါလား။ အထပ်ထပ်ဖွဲ့ဆိုဖို့ ငါ့ရင်ထဲမှာ အမှတ်ရစရာတွေ ရှိနေသေးတယ်ဆိုတော့ နောက်ထပ် တမ်းချင်းတွေ လာဦးမှာပေါ့နော်။( စီးကရက် မသောက်ဖြစ်တော့ဘူးဆိုတာတော့ မယုံဘူး :D )

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...