Monday, February 4, 2008

မှတ်တမ်းမဲ့…ဖေဖော်ဝါရီ…။

ဒီလိုပါပဲဆီးနှင်းတွေမရှိတဲ့

နှစ်ဆယ့်ခြောက်ကြိမ်မြောက်ဆောင်းရာသီပေါ့

ငါ့မျက်ဝန်းနဲ့တိုက်ဆိုင်လာတဲ့အလင်းမှုန်တွေကြားမှာ

ဖေဖော်ဝါရီ

လမ်းမမှာမြူတွေပိတ်နေတုန်းလား…

ငါ့ကိုညှို့ယူထားတဲ့နာရီလက်တံတွေကြားမှာ

တိတ်တဆိတ်ရပ်လို့…

ဘတ်စ်ကားတွေတစ်စီးပြီးတစ်စီးဆိုက်လာတယ်

ငါ့ရင်ဘတ်ကိုမင်းမဆိုက်သေးဘူး

နှလုံးသားတွေမိုင်များစွာခြားနားလို့

ဘ၀ကိုသွန်ပြစ်လိုက်ရုံလား….

နေရောင်ခြည်ဟာမနက်ခင်းကို

မီးညှိုရှိုက်ဖွာပြီးတဲ့အခါ…

အပြာရောင်မီးခိုးတစ်စမှာငါလောင်ကျွမ်းလိုက်ရပြီးပြီ…।။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...